နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်ဆိပ်ကမ်းကို နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး သင်္ဘောကြီးများ ဆိုက်ကပ် ကုန်သွယ်ရန်လျာထား

ရန်ကုန်၊ ဖေဖော်ဝါရီ  ၇


ယခုလအတွင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများသို့ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး သင်္ဘောကြီး ၄၈ စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်ရန် လျာထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။


မြန်မာနိုင်ငံမှ ပို့ကုန်များတိုးမြှင့် တင်ပို့နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက် အရ သွင်းကုန်များ တိုးမြှင့်တင်သွင်း နိုင်စေရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ နိုင်ငံတကာ ကုန် သေတ္တာတင် သင်္ဘောလိုင်းအသီးသီးမှ ကုန်စည်ပို့ဆောင်ရေး သင်္ဘောကြီးများ ပိုမိုဆိုက်ကပ်လာနိုင်ရေး ဆောင်ရွက် နေသည်။


ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လမှ စတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ လစဉ် နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးအစင်းရေ ၄၀ ကျော် ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။


ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း ကုန်စည်သင်္ဘောကြီး ၄၈ စင်း ဝင်ရောက် ဆိုက်ကပ်ရန် လျာထားပြီး SEALAND- MAERSKASIA သင်္ဘောလိုင်းမှ ကိုးစင်း၊ AMUDDERA SHIPPING သင်္ဘောလိုင်းမှ ခုနှစ်စင်း၊ SITC LINE သင်္ဘောလိုင်းမှ ငါးစီး၊ NEW GOLDENSEA (COSCO)   သင်္ဘောလိုင်းမှ လေးစင်း၊R.C.L LINE သင်္ဘောလိုင်းမှ လေးစင်း၊ A.C.L LINE သင်္ဘောလိုင်းမှ သုံးစင်း၊ GOLD STAR LINE သင်္ဘောလိုင်းမှ သုံးစင်း၊ LAND and SEA သင်္ဘောလိုင်းမှ သုံးစီး၊ M.F.S.Lသင်္ဘောလိုင်းမှ သုံးစင်း၊ C.S.L LINE သင်္ဘောလိုင်းမှ နှစ်စင်း၊ EVERGREEN LINE သင်္ဘောလိုင်းမှ နှစ်စင်း၊ X- PRESS FEEDE RS LINE သင်္ဘောလိုင်းမှ နှစ်စင်း၊ I.A.L LINE သင်္ဘောလိုင်းမှ တစ်စင်း ဝင်ရောက် ဆိုက်ကပ်ရန် လျာထားသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ