နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်း စစ်ဆေး

ကြို့ပင်ကောက်၊ ဖေဖော်ဝါရီ  ၇


ကြို့ပင်ကောက်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂၂ ဘဏ္ဍာရေးနှစ် ခြောက်လ တာ ကာလအတွင်း ဆောင်ရွက်သည့် ကြို့ပင်ဝိုင်းကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုနှင့် Box Culvert လေးစင်း တည်ဆောက်နေမှုများကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က ကွင်းဆင်း စစ်ဆေးသည်။


အဆိုပါကြို့ပင်ဝိုင်းကျေးရွာ၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၁၂၄ သန်း အသုံးပြု၍ အရှည် ၄၅၂၄ ပေ ကျော်ရှိသော လမ်းတွင် အကျယ် ၁၈ ပေ ထု ၂ ပေရှိသော မြေသားခင်းခြင်း၊ အကျယ် ၁၂ ပေ ထု ၉ လက်မရှိသော ဂဝံလမ်းခင်းခြင်းလုပ်ငန်းနှင့် Box Culvert လေးစင်း တည်ဆောက်ခြင်းကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်မှစတင်၍ ဆောင်ရွက်ရာ ဖေဖော်ဝါရီ ၂၈ ရက်တွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်သည်။

ကိုညို(ကျေးလက်)






အခြားဆက်စပ်သတင်းများ