နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပနိုင်ငံများသို့ ဇန်နဝါရီလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုတန်ချိန် နှစ်သိန်းခုနစ်သောင်း နီးပါးရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ  ၇


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ တစ်လ အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု  တန်ချိန်  နှစ်သိန်း ခုနစ်သောင်းကျော်ရှိကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန် ထားသည်။


ဇန်နဝါရီလ တစ်လအတွင်း ပြည်ပ နိုင်ငံ ၂၇ နိုင်ငံသို့ ဆန်များတင်ပို့ခဲ့ခြင်း ဖြစ်ပြီး ဆန်ကွဲကို ပြည်ပနိုင်ငံ ၅ နိုင်ငံသို့ တင်ပို့ခဲ့ကာ တန်ချိန်စုစုပေါင်း ၂၆၉၂၁၅ တန် တင်ပို့ပြီးဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံရှိ ဆန်များ ပြည်ပ သို့ တင်ပို့ရာတွင် အိုင်ဗရီကို့စ်နိုင်ငံ သို့ ဆန်တန်ချိန် ၄၂၈၅၀ အများဆုံး တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ တန်ချိန် ၂၈၆၆၆ ဖြင့် ဒုတိယအများဆုံး တင်ပို့ ခဲ့သည်။


ဆန်ကွဲ  တင်ပို့မှုအနေဖြင့် နယ်သာလန်နိုင်ငံသို့ တန်ချိန်   ၄၂၇၃၀ အများဆုံးတင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ ဒုတိယအများဆုံးအဖြစ် တန်ချိန် ၇၄၂၉ တင်ပို့နိုင်ခဲ့သည်။


ယခု ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လ တာ   ဘတ်ဂျက်ကာလအတွင်း ပြည်ပနိုင်ငံများသို့  ဆန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ကန်ဒေါ်လာ သန်း ၄၀၀ ခန့် ရရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။


မြန်မာနိုင်ငံမှ နှစ်စဉ် ပြည်ပနိုင်ငံများ သို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်း ကျော်မှ ၃ ဒသမ ၅ သန်းကျော်အထိ တင်ပို့လျက်ရှိသည်။


ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပ နိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သန်းနီးပါး တင်ပို့ခဲ့ပြီး ဆန်တင်ပို့မှုမှ ပို့ကုန် ဝင်ငွေ အမေရိကန် ဒေါ်လာသန်း ၇၀၀ ခန့် ရရှိသည်။


မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲများကို တရုတ်မှ အများဆုံးဝယ်ယူပြီး ဖိလစ်ပိုင်၊ မလေးရှား၊  ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံများနှင့် ဥရောပ နိုင်ငံများ သို့ တင်ပို့လျက်ရှိသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ