နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူရကီ ငွေကြေးဖောင်းပွမှု အမြင့်မားဆုံးဖြစ်လာ

အစ္စတန်ဘူလ်  ဖေဖော်ဝါရီ  ၆


တူရကီနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည်  ၂၀၀၂ ဧပြီနောက်ပိုင်းစာရင်းများအရ    ယခု ၂၀၂၂ ခုနှစ်၊    ဇန်နဝါရီတွင် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာပြီး စားသုံးသူများ၏ ဝယ်ယူမှုစွမ်းအားကျဆင်းခဲ့ကာ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 


စားသုံးသူများစျေးနှုန်းသည် ခန့်မှန်းထားသည့် ပမာဏ ၄၈ ဒသမ ၇ ရာခိုင်နှုန်းထက်ပိုမိုမြင့်တက်လာခဲ့ပြီး ၂၀၂၀ ခုနှစ်၊   ဒီဇင်ဘာလထက် ၃၆ ဒသမ ၁  ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း တူရကီစာရင်းအင်းရုံး   အေဂျင်စီ၏ဖော်ပြချက်အရ သိရသည်။


ယခုကဲ့သို့ အခြေအနေများဆိုးရွားလာမှုသည် တူရကီသမ္မတ ရီဆတ်တာရိအီရ်ဒိုကန်အနေဖြင့် စာရင်းအင်းအေဂျင်စီ ရုံးအကြီးအကဲကို ၂၀၁၉ ခုနှစ်နောက်ပိုင်း ရာထူးပြောင်းလဲမှု လေးကြိမ်တိုင်တိုင်ပြုလုပ်ပြီးမှ ဖြစ်လာခြင်းဖြစ်သည်။


ယခင် အေဂျင်စီအကြီးအကဲ အီရ်ဒါလ်းဒင်ဆာသည် ရာထူးကို ၁၀ လသာ တာဝန်ထမ်းဆောင်လိုက်ရပြီး ယင်းကို အီရ်ဟန်းစိတင်ကာယာနှင့် အစားထိုးပြောင်းလဲထားသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ