နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုက်လိုင်းအသစ်ဖြင့် ဓာတ်ငွေ့ကုန်သွယ်ရေး နှစ် ၃၀ စာချုပ် တရုတ်နှင့် ရုရှား သဘောတူညီချက်ရရှိ

ပေကျင်း  ဖေဖော်ဝါရီ  ၆


ရုရှားမှ တရုတ်နိုင်ငံသို့ ပိုက်လိုင်း အသစ်ဖြင့် သဘာဝဓာတ်ငွေ့ထောက်ပံ့ ရေး နှစ် ၃၀ စာချုပ်တစ်ခုကို ဖေဖော်ဝါရီ ၅ ရက်က သဘောတူညီရောင်းချခြင်း များကို ကန်ဒေါ်လာဖြင့်မဟုတ်ဘဲ ယူရို ဖြင့် ပေးချေသွားမည်ဖြစ်ကြောင်း သိရ သည်။ 


ရုရှားပိုက်လိုင်းဖြင့် ဓာတ်ငွေ့ပို့ဆောင် မှုကိုချုပ်ကိုင်ထားသော     Gazprom ကုမ္ပဏီသည် တရုတ်စွမ်းအင်ကုမ္ပဏီ ကြီးဖြစ်သော CNPC ထံသို့ တစ်နှစ်လျှင် ဓာတ်ငွေ့ကုဗမီတာပေါင်း ၁၀ ဘီလီယံ ပေးပို့ရန် သဘောတူထားခြင်းဖြစ်သည်။  


ရုရှား၏ အရှေ့ဘက်အစွန်းပိုင်းမှ ဂျပန်ပင်လယ်ကိုဖြတ်ကာ   တရုတ်၏ အရှေ့မြောက်ပိုင်းသို့     သွယ်တန်းထား သောပိုက်လိုင်းတွင်   လာမည့်  ၂ နှစ်၊ သုံးနှစ်အတွင်း စတင်ဓာတ်ငွေ့စီးဆင်း မည်ဖြစ်ကြောင်း သိရသည်။ 


ရုရှားသည် ၂၀၁၉ ခုနှစ်တွင်စတင်ပြီး တရုတ်သို့ ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့ ပို့ဆောင်ခြင်းနှင့်    သင်္ဘောမှတစ်ဆင့် သဘာဝဓာတ်ငွေ့အရည် ပို့ဆောင်ခြင်း တို့ကိုပြုလုပ်နေခြင်းဖြစ်ပြီး     လာမည့် ၂၀၂၅ ခုနှစ်တွင် တရုတ်ကို ဓာတ်ငွေ့ ၃၈ ဘီလီယံကုဗမီတာ    ပို့ဆောင်ရန် ရည်မှန်းထားသည်။       (ref: Reuters)






အခြားဆက်စပ်သတင်းများ