နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းအရပ်သားများကို ပြည်သူ့စစ်သင်တန်းပေး

ကီယက်ဗ်   ဖေဖော်ဝါရီ  ၆


ယူကရိန်းနိုင်ငံ မြို့တော်ကီယက်ဗ် တွင် ယူကရိန်းစစ်တပ်၏ အရန်ပြည်သူ့ စစ်များသည် မြို့တော်ရှိ အရပ်သားများ ကို ဖေဖော်ဝါရီ ၅ ရက်မှစ၍ စစ်သင်တန်း များစတင်ပေးနေပြီဖြစ်ကြောင်း သိရ သည်။ 

 

ရုရှားသည် ယူကရိန်းကိုကျူးကျော် လာပါက ခုခံစစ်ဆင်နွှဲရန်အတွက် ယခု ကဲ့သို့ အရပ်သားများကို ယူကရိန်းတပ် အနေဖြင့် စစ်သင်တန်းပေးနေခြင်းဖြစ် ပြီး အဆိုပါအရပ်သားများတွင် ဂျော်ဂျီ ယန်းမျိုးနွယ်စုများအပြင် အခြားသော အရပ်သားများလည်း     အများအပြား ပါဝင်လာကြောင်း သိရသည်။ 


ထို့ပြင် အဆိုပါတပ်သို့ ဝင်ရောက်လာ သူများတွင် အမေရိကန်နှင့် အယ်လ်ဘေး နီးယားကဲ့သို့ နိုင်ငံခြားသား စေတနာ့ ဝန်ထမ်းတပ်သားများလည်း ပါဝင်ပြီး ယင်းတပ်သားများသည် နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများကို ထပ်မံခေါ်ယူ စုဆောင်းပေးသူများဖြစ်သည်။   


ယခုကဲ့သို့    ယူကရိန်းစစ်တပ်၏ အရပ်သား ပြည်သူ့စစ်သင်တန်းများကို တစ်ပတ်လျှင်    သုံးရက်သင်တန်းပေး နေခြင်းဖြစ်ပြီး တပ်သား ၃၀၀၀ အထိ လေ့ကျင့်သင်တန်းပေးရန် ရှိနေကြောင်း သိရသည်။

(ref:Reuters)






အခြားဆက်စပ်သတင်းများ