နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧ၀ရက်တောင် အမြင့်ဆုံးရေခဲမြစ် ရေခဲထုများ လျင်မြန်စွာ ပျော်ကျ

ခတ္တူမန္တူ  ဖေဖော်ဝါရီ  ၆


ရာသီဥတု      ဖောက်ပြန်မှုကြောင့် ဧဝရက်တောင်ထိပ်အနီးရှိ ရေခဲမြစ်များ ပေါ်မှ ရေခဲထုများ လျင်မြန်စွာပျော်ကျ နေကြောင်း  University   of   Maine ဦးဆောင်သည့် လေ့လာမှုအသစ်တစ်ခု တွင်ဖော်ပြသည်။  


အမြင့်ဆုံးရေခဲမြစ်ဖြစ်သည့် South Col မြစ်၏ဖွဲ့စည်းမှုသည် လွန်ခဲ့သော ၂၅ နှစ်အတွင်း ရေခဲအထူ ၅၅ မီတာခန့် ဆုံးရှုံးသွားကြောင်း၊ကာဗွန်သက်တမ်းအရ ရေခဲပြင်၏ အပေါ်ဆုံးအလွှာသည် နှစ်ပေါင်း ၂၀၀၀ ခန့်သက်တမ်းရှိပြီး ရေခဲမြစ်သည်  စတင်ဖွဲ့စည်းချိန်ထက် အဆ ၈၀ ပို၍လျော့ပါးသွားကြောင်း လေ့လာမှုတွင် ဖော်ပြသည်။ 


၁၉၉၄ ခုနှစ်ကတည်းက ဧဝရက် တောင်သို့ ၂၅ ကြိမ်တိုင်တိုင် စံချိန်တင် တောင်တက်ခဲ့သူဖြစ်သည့်       နီပေါ တောင်တက်သမား ကာမီရီတရှာပါက တောင်ပေါ်တွင် အပြောင်းအလဲများကို ကိုယ်တွေ့မြင်ခဲ့ရကြောင်း ဖေဖော်ဝါရီ ၅ ရက်က ပြောကြားသည်။ 


ဟိမဝန္တာရေခဲမြစ်များသည် တောင် များနှင့် မြစ်ချိုင့်ဝှမ်းများပတ်လည်တွင် နေထိုင်သူ လူဦးရေ နှစ်ဘီလီယံနီးပါး အတွက် အရေးပါသော ရေအရင်းအမြစ် ဖြစ်ပြီး ကမ္ဘာ့အရေးအကြီးဆုံးမြစ် ၁၀ ခုကို ရေအရင်းမြစ် ထောက်ပံ့ပေးကာ သန်းပေါင်းများစွာသော လူများကိုအစာ နှင့် စွမ်းအင်များ ထောက်ပံ့ပေးလျက် ရှိသည်။ 


ကုလသမဂ္ဂရာသီဥတုဆိုင်ရာ သိပ္ပံ ပညာရှင်များကမူ ရာသီဥတုပြောင်းလဲမှု တွင်  ရေနှင့်ပတ်သက်သည့်သက်ရောက် မှုများကို ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသော လူများ  နေ့စဉ်ကြုံတွေ့နေရကြောင်း ပြောကြားထားသည်။

(ref:IndianTimes)






အခြားဆက်စပ်သတင်းများ