နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ပန်ဒါကြီးမျိုး Tian Bao ဘယ်လ်ဂျီယံတိရစ္ဆာန်ရုံ၌ ဆက်လက်ထားရှိ

ဘရပ်ဆဲလ်  ဖေဖော်ဝါရီ  ၆


ဘယ်လ်ဂျီယမ်နိုင်ငံတွင်    ပန်ဒါ မျိုးစိတ် အများအပြားရှိနေခြင်းကြောင့် ပန်ဒါကြီးမျိုးစိတ်များကို ပိုမိုကောင်းမွန် စွာ ကာကွယ်စောင့်ရှောက်ရန်အတွက် တရုတ်ပန်ဒါကြီးမျိုး  Tian Bao  ကို ဘယ်လ်ဂျီယံရှိ Pairi Daiza တိရစ္ဆာန်ရုံ တွင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ 


Tian Bao ပန်ဒါကြီးကို ဘယ်လ်ဂျီယံရှိ တရုတ်ပန်ဒါမျိုးစိတ်များမှ ၂၀၁၆ ခုနှစ် တွင် မွေးခဲ့ခြင်းဖြစ်ပြီး    သဘောတူညီ ချက်အရ ယင်းကို အသက် ၄ နှစ်အရွယ် ရောက်ရှိပါက တရုတ်နိုင်ငံသို့ ပြန်ပို့ရ မည်ဟု ဖော်ပြထားသည်။  


သို့ရာတွင် ကိုဗစ်-၁၉ အခြေအနေ များကြောင့်  တရုတ်သို့   ပြန်လည် ပို့ဆောင်ရန် နှောင့်နှေးကြန့်ကြာနေခြင်း ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ တစ်နှစ်တာကာလ ထပ်မံတိုးမြှင့်၍       ဘယ်လ်ဂျီယံတွင် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ 


Tian Bao ကို     တရုတ်နိုင်ငံသို့သယ်ယူ ပို့ဆောင်ရေးအတွက် လိုအပ်သည့်အစီ အစဉ်များကို နှစ်ဖက်လုံးမှ ယခုနှစ်အတွင်း စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း  ဖော်ပြထားသည်။    


Pairi Daiza တိရစ္ဆာန်ရုံတွင် ပန်ဒါ ကြီးမျိုး  ငါးကောင်ရှိပြီး တရုတ်နိုင်ငံ    ပြင်ပရှိ   ရှားပါးတိရစ္ဆာန်ရုံများအနက် တစ်ခုဖြစ်လာကြောင်း သိရသည်။  

(ref:Globaltimes)






အခြားဆက်စပ်သတင်းများ