နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိတ်မွေးမြူရေးလုပ်ငန်းတွက်ခြေကိုက်၍ မွေးမြူသူတိုးတက်လာနေ

ရန်ကုန်  ဖေဖော်ဝါရီ   ၆


မိတ္တီလာမြို့နယ်တွင် ဆိတ်မွေးမြူရေးလုပ်ငန်းသည် အချိန်တို အတွင်း တွက်ခြေကိုက်၍ ဝင်ငွေရရှိနိုင်သဖြင့် လုပ်ကိုင်သူတိုးတက် များပြားလာနေသည်။


မိတ္တီလာမြို့နယ်၊ အင်းပက်လက်ကျေးရွာနှင့် ရေချိုကျေးရွာရှိ တောင်သူများသည် ယခုအခါတွင် ဆိတ်မွေးမြူရေးလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လယ်ယာလုပ်ငန်းနှင့် တွဲဖက်လုပ် ကိုင်လာကြရာ အင်းပက်လက်ကျေးရွာ အိမ်ခြေ ၃၅၀ အနက် ဆိတ် မွေးမြူသူ ၅၃ ဦးနှင့် ရေချိုကျေးရွာတွင် အိမ်ခြေ ၅၀၁ အနက် ဆိတ် မွေးမြူသူ ၄၀ ဦးခန့်ရှိနေသည်။


တစ်ပိုင်တနိုင်မွေးမြူသူများသည် အစာဝယ်မကျွေးရဘဲ တောထဲ သို့ လွှတ်ကျောင်းစနစ်ဖြင့်မွေးမြူကြပြီး၊ စီးပွားဖြစ်မွေးမြူသူများမှာ အစာဝယ်ကျွေးသည့်စနစ်ဖြင့် စီးပွားဖြစ်လုပ်ကိုင်နေကြသည့် တစ်နိုင်တပိုင်မွေးမြူသူသည် ဆိတ်အကောင်ရေ ၂၀မှ ၅၀ အထိ မွေးမြူပြီး စီးပွားဖြစ်မွေးမြူသူသည်  အကောင်ရေ ၂၀၀ မှ ၃၀၀ အထိ မွေးမြူကြသည်။


အသားတိုးဆိတ်မှာ တစ်နှစ်မွေးမြူပါက ၃၅ ပိဿာအထိ ကြီးထွားကာ တစ်နှစ်ခွဲအရွယ် ဆိတ်တစ်ကောင်လျှင် ငွေကျပ် တစ်သိန်းအထိ ရရှိကြသည်။ မျိုးပွားဆိတ်မတစ်နှစ်သားအရွယ် တစ်ကောင်လျှင် ငွေကျပ် ၇၅၀၀၀ အထိပေါက်ဈေးရှိသည်။ အသားဈေးတစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ ရရှိသည်။


စီးပွားဖြစ်မွေးမြူသူများက အစာအဖြစ် ဆီးသီးကြိတ်ဖတ်၊ ဝါစေ့ကြိတ်ဖတ်၊ ပဲအနှစ်နှင့် ကုလားပဲအခွံများကိုရောနယ်၍ ကျွေးမွေးကြသည်။


ဆီးကြိတ်ဖတ်တစ်အိတ်လျှင် ၂၀ဝ၀ ကျပ်၊ ဝါစေ့ကြိတ်ဖတ် တစ်အိတ်လျှင် ၁၅၀ဝ၀ ကျပ်၊ ပဲအနှစ်တစ်ပိဿာလျှင် ၁၀ဝ၀ ကျပ်၊ ကုလားပဲအခွံတစ်ပိဿာလျှင် ၇၅၀ ကျပ်ဈေးဖြင့် ဝယ်ယူကျွေးမွေး ကြသည်။ ဆိတ်များကို မိတ္ထီလာမြို့(နွားပွဲ/ဆိတ်ပွဲ)ဈေးနှင့် ရန်ကုန်၊ မော်လမြိုင်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြသည်။   CN  031






အခြားဆက်စပ်သတင်းများ