နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Asia Game တွင် ကစားနည်း ၄ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် မသန်စွမ်းကစားသမားများ ကြိုတင်လေ့ကျင့်

ရန်ကုန်  ဖေဖော်ဝါရီ   ၆


ယခုနှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပမည့် ၄ ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ (Asia Game ) သို့ ကစားနည်းလေးမျိုးဖြင့်ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်း အားကစားသမားများသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်လေ့ကျင့်ရေးအားကစားရုံများတွင် ကြိုတင်လေ့ကျင့်ပြင်ဆင်လျက် ရှိသည်။


"Asia Game ကတော့ နှစ်စဉ်လဲသွားနေကြပါ ဒီနှစ်ကတော့ တရုတ်ကလုပ်မယ်ဆိုတော့ Asia Game ပြိုင်မယ်ပါမယ်ဆိုပြီး အခုလေ့ကျင့်နေတာပါ။ Asia Game ကြတော့ ကစားနည်းခုနှစ်မျိုးမပြိုင်တော့ဘူး။ ကစားနည်းလေးမျိုးနဲ့သွားပြိုင်မှာပါ။ Asia Game မှာက ပါဝင်မဲ့နိုင်ငံတွေက ၄၀ ကျော်တယ်။ သူတို့နဲ့ယှဉ်ပြိုင်ဖို့သူတိုရဲ့ ကစားနှုန်းစံချိန်တွေမီဖို့က International စံနှုန်းရှိဖို့လိုတယ်။ အကောင်း ဆုံးတော့လေ့ကျင့်ပေးနေတယ်" ဟု မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။


ထိုပြိုင်ပွဲကို ယခုနှစ်ကုန်ပိုင်း အောက်တိုဘာ/ နိုဝင်ဘာလ များတွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံ မသန်စွမ်းကစားသမားများအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘောလီဘော၊ မျက်မမြင်စစ်တုရင်ကစားနည်းများ ပါဝင်ကာ ကစားနည်းလေးမျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်ပေးလျက်ရှိသည်။ Asean Game ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကာ အောင်မြင်မှုရရှိမည့် မသန်စွမ်းအားကစားသမား များကိုအခြေခံပြီး Asia Game အတွက် အကောင်းဆုံးပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိသည်။ 


မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့အနေဖြင့် ယခင် Asean Game နှင့် Asia Game ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုဆုတံဆိပ် များရရှိခဲ့ပြီး ယခုကာလ ကိုဗစ်-၁၉ ရောဂါကြောင့် နှစ်နှစ်ခန့် ရပ်တန့်ခဲ့ကြောင်း ထပ်မံ၍ လာမည့်ပြိုင်ပွဲများတွင်ဆုတံဆိပ်များရရှိနိုင်ရန် ကြိုးစားလေ့ကျင့်ဆောင်ရွက်နေကြောင်း သိရသည်။                                                                                 

မင်းခ






အခြားဆက်စပ်သတင်းများ