နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေး

မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍကို အခြေခံ၍ ခေတ်မီနည်း စနစ်များဖြင့်    ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသည့် နိုင်ငံ ဖြစ်သည်နှင့်အညီ     လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း                     များကို အထူးအလေးပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။


မိရိုးဖလာလက်မှုလယ်ယာစနစ်လုပ်ကွက်ငယ်များကို ခေတ်မီ အဆင့်မြင့် စက်မှုလယ်ယာစနစ်သို့ကူးပြောင်းရောက်ရှိရေး ရေတို ရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။


တောင်သူလယ်သမားကြီးများ၏ အခြေခံလိုအပ်ချက်ဖြစ်သော စိုက်ပျိုးစရိတ်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ယခင်ကထက် တိုးမြှင့်ထုတ်ချေးပေးလျက်ရှိသည်။ စိုက်ပျိုးရေးထုတ်ကုန်များကို ခိုင်မာသောပြည်တွင်းပြည်ပဈေးကွက်ရရှိရေး ဆောင်ရွက်လျက် ရှိပြီး၊ လယ်ယာထုတ်ကုန်များကို ကုန်ကြမ်းအဆင့်ဖြင့်သာတင်ပို့ ရောင်းချနေသည်မှ   အဆင့်မြင့်တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး    အားပေးဆောင်ရွက်လျက်ရှိ သည်။ 


လူတို့၏စားဝတ်နေရေးတွင် စားရေးသည် မရှိမဖြစ် အဓိက ဖြစ်ရာ ပြည်သူတို့၏စားရေးအတွက် စားနပ်ရိက္ခာဖြည့်ဆည်းပေး နေသော တောင်သူလယ်သမားကြီးတို့၏ လူမှုဘဝလိုအပ်ချက်များ ကို နိုင်ငံတော်က ဖြည့်ဆည်းပေးလျက်ရှိသည်။


လယ်ယာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ် စေရန် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် လယ်ယာသုံးစက်ပစ္စည်း များ၊ လယ်ယာသုံးစက်ကိရိယာများ ပြည်ပမှတင်သွင်းခြင်းနှင့် ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းကို လွတ်လပ်စွာခွင့်ပြုဆောင် ရွက်ပေးလျက်ရှိသည်။


ထို့ကြောင့်လည်း    ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ        ဝင်ငွေတိုးတက်စေရေးအတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အချိန်တိုအတွင်း ထိထိရောက်ရောက်အောင်မြင်စေရန် ကြိုးပမ်းနေသည်ကို အားရ ဖွယ်မြင်တွေ့နေရသည်။


လက်ရှိတွင် မြန်မာနိုင်ငံ၌ မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧကနှစ်သန်းခန့်စိုက်ပျိုးလျက်ရှိပြီး     မိုးစပါးမှာ ပျမ်းမျှ တင်း ၇၀ ကျော်ခန့်သာထွက်ရှိသေး၍ တစ်ဧက တင်း ၁၀၀ ထွက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရ သည်။


လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ပြည်ပအဖွဲ့အစည်းများကလည်း အဘက်ဘက်က ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးလျက်ရှိရာ တောင်သူ ဦးကြီးတို့၏    ကြိုးစားအားထုတ်မှု၊  ပြည်သူတို့၏ ပေါင်းစည်း ညီညွတ်မှုအားများနှင့်   ဆောင်ရွက်သွားပါက နိုင်ငံအတွင်း      စားရေရိက္ခာများပြည့်စုံဖူလုံရုံသာမက ပိုလျှံသမျှကို ပို့ကုန်အဖြစ် တင်ပို့ကာ     နိုင်ငံဘဏ္ဍာဖြည့်ဆည်းဆောင်ရွက်နိုင်ရေးကိုပါ ဦးတည်ကြိုးပမ်းကြရန် တိုက်တွန်းအပ်ပေသည် ။






အခြားဆက်စပ်သတင်းများ