နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မစ်ဒယ်ဘရော့ကို ရှုံးနိမ့်ပြီး မန်ယူအသင်း FA ဖလားစတုတ္ထအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

ဖေဖော်ဝါရီ  ၅


FA ဖလား စတုတ္ထအဆင့်၏ ပွဲစဉ်တစ်ပွဲအဖြစ် မန်ယူအသင်း နှင့် မစ်ဒယ်ဘရော့အသင်းတို့ ယနေ့နံနက်အစောပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင် ကစားရာ မစ်ဒယ်ဘရော့ အသင်း က မန်ယူအသင်းကို  ၈ ဂိုး၊ ၇ ဂိုး ဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်လှမ်းကြောင်း သိရသည်။


နည်းပြ ရန်းနက်ခ်၏ မန်ယူ အသင်းသည်   ဂိုးသွင်းခွင့် အများအပြားရခဲ့သော်လည်း အခွင့်အရေးများကို အသုံးချ နိုင်ခြင်းမရှိသောကြောင့် မစ်ဒယ် ဘရော့အသင်းကို ပင်နယ်တီ ဖြင့် ရှုံးနိမ့်ခဲ့ပြီး FA ဖလားစတုတ္ထ အဆင့်ဖြင့် ထွက်ခွာခဲ့ရခြင်းဖြစ် သည်။


အဆိုပါပွဲစဉ်တွင် နှစ်သင်း စလုံးက အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာပြီး ပထမပိုင်းပွဲစကတည်းက မန်ယူ အသင်းက   မစ်ဒယ်ဘရော့ အသင်းကို တိုက်စစ်ဆင် ဖိအား ပေးကစားခဲ့သည်။


ပွဲချိန် ၂၀ မိနစ်တွင်မန်ယူ အသင်း ပင်နယ်တီ ရရှိသော်လည်း တိုက်စစ်မှူး ရော်နယ်လ်ဒို၏ ကန်သွင်းချက် ဂိုးမဝင်ခဲ့ခြင်းက မန်ယူအသင်းအတွက် ဆုံးရှုံးမှု တစ်ခုဖြစ်ခဲ့သည်။ သို့သော် တိုက်စစ်အသာဖြင့် ဆက်လက် ဖိအားပေး ကစားခဲ့ပြီး ပွဲချိန် ၂၅ မိနစ်တွင် ဆန်ချို၏ သွင်းဂိုးဖြင့် မန်ယူအသင်း အဖွင့်ဂိုးရရှိသည်။


မစ်ဒယ်ဘရော့အသင်းက တန်ပြန်တိုက်စစ်ဖြင့် ယှဉ်ပြိုင် ကစားခဲ့ရပြီး   ဂိုးသွင်းခွင့် အနည်းငယ်သာရရှိသော်လည်း  ပွဲချိန် ၆၄ မိနစ်တွင် မက်ခရော့ခ်က ချေပဂိုးတစ်ဂိုး ကိုသွင်းယူခဲ့သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်း စလုံး ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ပွဲပြီးဆုံးခဲ့ကာ အချိန်ပို မိနစ် ၃၀ ထပ်မံယှဉ်ပြိုင်ကစားခဲ့ ရသည်။


အချိန်ပို ၃၀ မိနစ် တွင်လည်း နှစ်သင်းစလုံး   ဂိုးသွင်းယူ နိုင်ခြင်း   မရှိသောကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူ ခဲ့ ရပြီး တစ်သင်းလျှင် ၈ ကြိမ် ထိ  ကန်သွင်းခဲ့ရာ  မစ်ဒယ် ဘရော့အသင်း  ကစားသမား ၈ ဦးစလုံး  ဂိုးဝင်သော်လည်း မန်ယူအသင်းက တောင်ပံကစား သမား အယ်လ်လန်ဂါ ဂိုးမဝင် ခြင်းကြောင့် မစ်ဒယ်ဘရော့ အသင်းက ပင်နယ်တီအဆုံး အဖြတ်တွင် တစ်ဂိုးအသာဖြင့် မန်ယူအသင်းကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။                                     

                               (သူရိန်)






အခြားဆက်စပ်သတင်းများ