နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုစီဒက် ကစားသမား ဂျာနူဇက်ကို ခေါ်ယူရန် နာပိုလီအသင်း ကမ်းလှမ်းမှုပြုလုပ်

ဖေဖော်ဝါရီ  ၅


နာပိုလီအသင်းသည် ဆိုစီဒက် တောင်ပံကစားသမား ဂျာနူဇက် ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ကမ်းလှမ်းမှု ပြုလုပ် ခဲ့ကြောင်း သိရသည်။


နာပိုလီအသင်းသည် ယခု နှစ် ဘောလုံးရာသီကုန်တွင် ကနေဒါကလပ် တိုရွန်တိုအသင်း သို့ ပြောင်းရွှေ့တော့မည့် တိုက်စစ် မှူး အစ်ဇီဂနီ၏ နေရာတွင် အစား ထိုးရန် ဂျာနူဇက်ကို ခေါ်ယူလို နေခြင်းဖြစ်သည်။


ဆိုစီဒက် ကစားသမားဂျာနူ ဇက်သည်  ဘယ်တောင်ပံတွင် သာမက ညာတောင်ပံတွင်ပါ ကစားနိုင်သည့် ကစားသမားတစ် ဦးဖြစ်ပြီး နေရာလွတ်ရှာဖွေနိုင် သည့် မြန်နှုန်းမြင့် ကစားသမား ဖြစ်သောကြောင့် အသင်းအနေဖြင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေး ခဲ့သော်လည်း မအောင်မြင်ဘဲ လာမည့် နွေရာသီတွင်အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာ မည်ဖြစ်သောကြောင့် နာပိုလီ အသင်းက ခေါ်ယူရန် ကြိုးပမ်းနေ ခြင်းဖြစ်သည်။


အသက် ၂၆ နှစ်အရွယ်ရှိ ဂျာနူဇက်ကလည်း  စီးရီးအေ ကလပ်  နာပိုလီအသင်းတွင် ဘယ်လ်ဂျီယံအသင်းဖော် မားတင် နှင့်  လက်တွဲကစားလိုသော ကြောင့် နာပိုလီအသင်း၏ ကမ်း လှမ်းမှုကို စိတ်ဝင်စားနေပြီး လုပ်ခလစာနှင့်  ပတ်သက်၍ ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း သိရသည်။                    

                                (သူရိန်)






အခြားဆက်စပ်သတင်းများ