နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဦးလွင် ဒိုးကွင်သစ်ခွခြံတွင် မြန်မာမျိုးရင်းဝင် ရှားပါးသစ်ခွ မျိုးစိတ် ၆၀၊ အပင် ၄၀၀၀ ကျော် ထိန်းသိမ်းပြုစုထားရှိ

ရန်ကုန်  ဇန်နဝါရီ  ၂၅


မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ သစ်တောဦးစီး ဌာနပိုင်၊ ဒိုးကွင်သစ်ခွခြံတွင် မြန်မာ့ရှားပါး သစ်ခွမျိုးစိတ်များ မျိုးထိန်းသိမ်းခြင်း ဆောင်ရွက် လျက်ရှိသည်။


အဆိုပါ ဒိုးကွင်သစ်ခွခြံကို ၂၀၁၉ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး၊ ဒေသမျိုးရင်းဝင် သစ်ခွမျိုးစိတ်ပေါင်း ၆၀ မျိုးတို့ ၏ အပင်အရေအတွက် ၄၀၀၀ ကျော်ခန့်ကို ပြုစုထိန်းသိမ်း ပြသထားသည်ဟု သိရသည်။


ခြံအတွင်း ပျိုးထောင် ထိန်း သိမ်းထားသော သစ်ခွများမှာ မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းဝင် ရှားပါးသစ်ခွမျိုးစိတ်များ၊ CITES Appendies (1) စာရင်းဝင် သစ်ခွမျိုးစိတ်များနှင့် မျိုးသုဉ်း ပျောက်ကွယ်ရန် အန္တရာယ်ကျ ရောက်နေသော သစ်ခွမျိုးစိတ် များ၏ မျိုးရိုးဗီဇလက္ခဏာများ ထိန်းသိမ်းရန်နှင့် မှတ်တမ်းတင် ထားရှိရန် သစ်ခွပင်များကို ပြုစု စောင့်ရှောက်သည့် နည်းလမ်း များ စနစ်တကျရှိစေရေးတို့ အတွက် ပြုစုထိန်းသိမ်းပေးထား ခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိ ထိန်းသိမ်းထား သော သစ်ခွမျိုးစိတ်များမှာ မီးမလောင်ပန်း (အပွင့်သေး)နှင့် (အပွင့်ကြီး)၊ သဇင်နက်၊ သစ် တက်လင်းနေ၊ ပန်းသက်ရှည်ညို၊ ငွေနှင်းဖြူ၊ ရတနာရွှေခက်၊ ခမောက်ကြိုး၊ ပုလဲနှစ်၊ ရွှေတူ မောက်ခမ်းဝါ၊ မဟာဒေဝီ၊ ဂနိုင် နံဘေးပေါက်၊ တံခွန်ရွှေလုံး၊ ကြောင်ခေါင်းပန်း၊ နီလုံး၊ ချင်းဒေဝီ၊ နတ်သမီးသစ်ခွ၊ သဇင်ဗိုလ်၊ တောင်ကရမက်၊ ပိတုံးကျား၊ ပုတီးဆင့်၊ စေတီ သစ်ခွ၊ ရွှေမင်းသမီး၊ ပျားလေး သစ်ခွ၊ ခွံမြစမ်း၊ ငွေနားဖြူ၊မြွေ မင်းသား၊ မြွေမင်းသမီး၊ ကျောက် သစ်ခွ၊ မိုးလုံးမှိုင်း၊ ဖျော်ရည် သစ်ခွ(ပြင်ဦးလွင်)သည့်နာမည်ရ မြန်မာသစ်ခွ မျိုးရင်းများကို တစ်နေရာတည်း တွင် စုစည်းထိန်းသိမ်းပြသထား သည်။


ပြင်ဦးလွင်မြို့သည် ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ ကျော်တွင် တည်ရှိသည့် အပန်းဖြေ တောင်ပေါ်မြို့ဖြစ်၍ ပြည်သူများ လာရောက် အပန်း ဖြေရင်း လေ့လာနိုင်ကြမည်ဖြစ် သည်။


သုတေသန ပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်အရ သစ်ခွ မျိုးရင်းဝင်များသည် ပန်းအလှ ပင်အဖြစ်သာမက ဒင်ဒရိုဗီယမ် ကဲ့သို့သော ဆေးဖက်ဝင်သစ်ခွ များသည် ဆေးဝါးအဖြစ်လူသား အကျိုးပြု အပင်များလည်းဖြစ် ကြသည်။


မြန်မာနိုင်ငံရှိ တောတောင် များအတွင်း ပေါက်ရောက် လျက်ရှိသည့် မြန်မာ့မျိုးရင်းဝင် သစ်ခွများသည် သစ်ခိုးယူသည့် မသမာသူတချို့၏ မဆင်မခြင် ဆောင်ရွက်မှုကြောင့် အချို့မှာ မျိုးသုဉ်း ပျောက်ကွယ်လုနီး အခြေအနေ ပေါ်ပေါက်လျက်ရှိ ကာ၊ ပြင်ဦးလွင်မြို့နယ်အတွင်း ၌သာ တွေ့ရှိနိုင်သည့် ဒေသ မျိုးရင်းဝင် သစ်ခွမျိုးများဖြစ်ကြ သော တောင်နံဘေးပေါက်၊ ကြက်တောင်ပံ၊ ဂနိုင်ဘေးပေါက်၊ ကိန္နရီ၊ ရွှေတူမောက်ခမ်းဝါ၊ စာကလေးသစ်ခွ၊ ကျားရှာ၊ နတ် သမီးသစ်ခွ စသည်တို့အပြင် မြေပြင်တွင် တွယ်ကပ်ပေါက် ရောက်သော ဝါးသစ်ခွ၊ မြေ ပေါက်သစ်ခွ စသည်တို့ကိုလည်း ထိန်းသိမ်းပေးထားလျက် ရှိ သည်။                        (CN-004)






အခြားဆက်စပ်သတင်းများ