နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင် ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန မိသားစု အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲစတင်ကျင်းပ

ရန်ကုန်  ဇန်နဝါရီ  ၂၅


ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးနှင့် ဇနီး ဒေါ်စန်းစန်းအေးတို့အား အမှူး ထား၍ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ တစ်ရပ် လုံးမှ အရာထမ်း၊ အမှုထမ်း မိသားစုအားလုံး အန္တရာယ် ကင်းရှင်းစေရန်အလို့ငှာ၊ နှစ်ဦး အလှူတော် မင်္ဂလာအဖြစ် ယနေ့ နံနက် ၈ နာရီက ယာဉ် ယန္တရားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်း ရေးဌာန၊ အရာထမ်း၊ အမှုထမ်း မိသားစုများ၏ စတုတ္ထအကြိမ် မြောက် နေ့/ည အသံမစဲမဟာ ပဋ္ဌာန်းပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ သစ်(ဆိပ်ကမ်း) မြို့နယ်ရှိယာဉ် ယန္တရားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်း ရေးဌာန ဓမ္မာရုံ၌ ကျင်းပရာ ပင့်လျှောက်ထားသော ဆရာ တော်၊ သံဃာတော်များကြွရောက် တော်မူကြပြီး ယာဉ်ယန္တရားစီမံ ခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန၊ ဌာနမှူးဦးစံ ရွှေထွန်းနှင့် အရာ ထမ်း၊ အမှုထမ်း မိသားစုများ တက်ရောက်ကြည်ညိုကြသည်။


အစီအစဉ်အရ အခမ်းအနား ကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပူဇော်၍ သာသနာ့ ဂုဏ် ရည် ဆရာတော်က ရောင်ခြည် တော်ဖွင့် ဂါထာဖြင့် ဘုရားပင့်ပြီး အရှင်အာဒိစ္စဝံသလင်္ကာရ ဆရာ တော်က ပဋ္ဌာန်းအဌကထာပဏာမ ဂါထာဖြင့် ပဋ္ဌာန်းကျမ်းတော်ကြီး ကို ဂါရဝပူဇာမင်္ဂလာပြုသည်။


ဆက်လက်၍ အေးချမ်း သာယာဗိမာန်ကျောင်း ဆရာ တော် ဦးသူရိယထံမှ ပရိသတ် များက ငါးပါးသီလ ဆောက် တည်ကြပြီး တဲကြီးကုန်း ဘိုးဘွား ရိပ်သာကျောင်း ဆရာတော် အရှင်သေဋ္ဌိလက ပဋ္ဌာန်းတရား တော် နာကြားရန် နတ်ဗြဟ္မာ များကို ပင့်ဖိတ်ကြားကာ ဒဂုံ ရွှေကျင်ကျောင်း ဆရာတော် ဦးနာယက က ပဋ္ဌာန်းတရား အကြောင်း သိကောင်းစရာများ ကို ဟောကြားတော်မူသည်။


ထို့နောက် အရှင်စန္ဒသီရိ (ပါရမီ) ကျောင်းဆရာတော်က ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ပူဇော် ရန် တိုက်တွန်းနှိုးဆော်လွှာ (ပဋ္ဌာန်းအမွှန်း)ကို ဖတ်ကြား လျှောက်ထားပြီး သံဃာတော် အရှင်သူမြတ်များက ပဋ္ဌာန်းပစ္စယု ဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသ ပါဠိတော် များကို ရွတ်ဖတ်ပူဇော်ကြသည်။


အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကို ယနေ့မှစ၍ သုံးရက်တိုင်တိုင် ကျင်းပပူဇော် မည်ဖြစ်ကြောင်း သိရသည်။


သတင်း/စိုးသိန်း၊ ဓာတ်ပုံ/ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန






အခြားဆက်စပ်သတင်းများ