နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုရှိ SME လုပ်ငန်းများကို ကုန်ထုတ်လုပ်မှုနည်းပညာများ လွှဲပြောင်းပေးမည်

ရန်ကုန်၊ ဇန်နဝါရီ  ၂၅


၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ အတွင်း ပြည်တွင်း အသေးစား၊ အလတ် စား စီးပွားရေး (SME) လုပ်ငန်း ၃၀ ကျော်အတွက်   ကုန်ထုတ်လုပ်မှု နည်းပးညာများကို စာချုပ်စာတမ်းဖြင့် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။


ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက် ခဲ့သော ပြည်တွင်း SME လုပ်ငန်းများ ပြန်၍ လည်ပတ်နိုင်စေရန် ရန်ကုန် တိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့ ရှိ SME လုပ်ငန်းများကို  ကုန်ထုတ် လုပ်မှု နည်းပညာလွှဲပြောင်းပေးမှုများ လုပ်ဆောင်ပေးခြင်းဖြစ်သည် ဆို၏။


ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်က လုပ်ငန်းရှင် ၁၀ ဦးကို အလှကုန်၊ လူ သုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ အတွက် ထုတ်လုပ်ရေးနည်းပညာများ ကို စာချုပ်စာတမ်းဖြင့် စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး နည်းပညာ ထပ်မံ တောင်းခံထားသည့် လုပ်ငန်းများကို စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဌာနတို့   ပူးပေါင်းကာ ဘဏ္ဍာနှစ်အလိုက် နည်းပညာများ ပေးသွားမည်ဖြစ်သည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ