နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စက်သုံးဆီတင်ပို့မှု ကောလာဟလ ကမ္ဘာတစ်ဝန်း စက်သုံးဆီစျေး တစ်ရာခိုင်နှုန်း မြင့်တက်လာ

ဘရပ်ဆဲလ်၊  ဇန်နဝါရီ ၂၅


ဥရောပအရှေ့ပိုင်းနှင့်   အရှေ့ အလယ်ပိုင်းအကြား နိုင်ငံရေးတင်းမာ မှုများနှင့်အတူ  စက်သုံးဆီများပြတ် တောက်လာမည် ဟူသော ကောလာဟလ ကြောင့် စက်သုံးဆီစျေးမှာ တစ်ရာခိုင် နှုန်းမြင့်တက်လာကြောင်း ရေနံတင်ပို့ သည့်နိုင်ငံများအဖွဲ့ OPEC က ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားလိုက်သည်။ 


Brent ရေနံစိမ်းစျေးနှုန်းသည် ပြီးခဲ့သည့်နှစ်ရက်တာအတွင်း တစ် ရာခိုင်နှုန်းမြင့်တက်လာကာ တစ်စည် လျှင် ကန်ဒေါ်လာ ၈၈ ဒသမ ၇၈ အထိ မြင့်တက်သွားပြီး WTI ရေနံစိမ်းစျေးနှုန်း များမှာလည်း တစ်စည်လျှင် ၈၆ ဒေါ်လာ အထိ မြင့်တက်သွားကြောင်း သိရသည်။ 


ရေနံစိမ်းစျေးနှုန်းသည် ငါးပတ် ဆက်တိုက် စျေးနှုန်းမြင့်တက်မှုဖြစ်ပေါ် နေပြီး ရုရှားနှင့် ယူကရိန်းနိုင်ငံအကြား တင်းမာမှုများနှင့် နိုင်ငံရေးအခြေအနေ များကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အခက်တွေ့နေပြီး တစ်ချိန်တည်းမှာပင် OPEC အနေဖြင့်လည်း နေ့စဉ်သတ်မှတ် ထားသည့် ပမာဏအတိုင်း ထုတ်လုပ်မှုကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း  Fujitomi Securities Co Ltd တွင် တာဝန်ထမ်း ဆောင်နေသည့် ကာဇူဟီဂိုဆိုင်းတိုက ပြောသည်။ 


လက်ရှိတွင် OPEC နှင့် အခြားရေနံ စိမ်းထုတ်လုပ်သည့် ကုမ္ပဏီများသည် ယင်းတို့၏ နေ့စဉ်သတ်မှတ်ချက် ပမာဏ ဖြစ်သည့် ရေနံစိမ်း လေးသိန်း ထုတ်လုပ် ရမည့် ပမာဏကို ပြည့်မီအောင်ထုတ် လုပ်နိုင်ခြင်းမရှိသည့်အတွက် ဆောင်း ရာသီအတွင်း အေးချမ်းသည့် ရာသီ ဥတုများကြောင့် စက်သုံးဆီ ဝယ်လို အား မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင် သူများက သုံးသပ်ထားသည်။ (Ref:CNA)






အခြားဆက်စပ်သတင်းများ