နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန် ကျန်းမာရေးစင်တာ ၉၀ ရာခိုင်နှုန်း ယခုနှစ်ကုန်ပိုင်းတွင် ပိတ်သိမ်းလာနိုင်

ကဘူးလ်၊  ဇန်နဝါရီ ၂၅


အာဖဂန်နစ္စတန်နိုင်ငံ၌ လက်ရှိ စီးပွားရေးအခြေအနေကြောင့် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ကျန်းမာရေးစင်တာ ၉၀ ရာခိုင်နှုန်းနီးပါးအထိ ပိတ်သိမ်း သွားရနိုင်ကြောင်း နိုင်ငံတကာကယ် ဆယ်ရေးကော်မတီ (IRC) ၏ အစီရင် ခံစာသစ်တစ်စောင်တွင် ဖော်ပြထား သည်။ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေ သည် လက်ရှိအတိုင်းဆက်သွားမည် ဆိုပါက သန်းနှင့်ချီသော အာဖဂန်ပြည်သူ များအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု အထောက်အပံ့များ မရသည့်အပြင် နောက်ထပ်လူပေါင်းသန်းချီ အသက် ဆုံးရှုံးရနိုင်ကြောင်း IRC အစီရင်ခံစာတွင် ပြောထားကြောင်း Khaama Press က ကိုးကားဖော်ပြသည်။ 


IRC မှ ယင်းသို့ ယိုယွင်းဆိုးရွားလာ သည့် အခြေအနေနှင့် စပ်လျဉ်းပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အာဖဂန်နစ္စတန်၏ ကျန်းမာရေးကဏ္ဍကို အကူအညီများပေးပြီး ထောက်ကူပံ့ပိုး ရေးအတွက် တောင်းဆိုထားကြောင်း သိရသည်။ ခက်ခဲသော စီးပွားရေးအခြေ အနေများ ရင်ဆိုင်လာရမှုနှင့် အလုပ် သမားများ အလုပ်ပြုတ်သည့်အခြေအနေ များရှိနေခြင်းကြောင့် အာဖဂန်နစ္စတန် သည် ကြီးလေးသည့် ဆင်းရဲမွဲတေမှုကို တွေ့ကြုံနေရသည်ဟု ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) က မကြာမီက ထုတ်ပြန်ထားသည်။ လက်ရှိတွင် အစာ ရေစာငတ်မွတ်မှုနှင့် ကြုံလုနီးပါးဖြစ် နေသည့် အာဖဂန်ပြည်သူ ၂၃ သန်း ခန့်ကို ကျွေးမွေးထောက်ပံ့ရန် WFP က ကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ လိုအပ် နေကြောင်း သိရသည်။        (Ref:BBC)






အခြားဆက်စပ်သတင်းများ