နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရစ္စတယ်ပဲလေ့စ်ကို ဂိုးပြတ်အနိုင်ရခဲ့သည့် လီဗာပူးလ်

ဇန်နဝါရီ   ၂၄


ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ၏ ပွဲစဉ်တစ်ပွဲအဖြစ် ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် လီဗာပူးလ် အသင်းတို့ ယမန်နေ့ ညပိုင်းက ဆဲလ်ဟတ်ပတ်ခ် ကွင်း၌ ယှဉ်ပြိုင်ကစားရာ လီဗာပူးလ် အသင်းက ခရစ္စတယ်ပဲလေ့စ် အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။ အဆိုပါပွဲစဉ်တွင် ခရစ္စတယ် ပဲလေ့စ်အသင်းက အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာပြီး လီဗာပူးလ်အသင်း က ဆာလာ၊ မာနေးနှင့် ကီတာ တို့ကလွဲ၍ ကျန်ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာ သည်။


ပထမပိုင်း ပွဲစကတည်းက  လီဗာပူးလ်အသင်းက ပဲလေ့စ် အသင်းဘက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင်ကစား ခဲ့ပြီး ပွဲချိန် ၈ မိနစ်တွင် နောက်ခံကစားသမား ဗန်ဒိုက် က အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။ ဆာလာနှင့် မာနေးတို့ မပါဝင် သည့် လီဗာပူးလ်အသင်း၏ တိုက်စစ်ပိုင်းက အလုပ်ဖြစ်ခဲ့ပြီး ဂိုးကန်သွင်းခွင့်များ  ရရှိခဲ့သော် လည်း အဆုံးသတ်ပိုင်းလိုအပ် ချက်ရှိနေခြင်းကြောင့်သာ ယခု ထက် ဂိုးမပြတ်ခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်အသင်း အတွက် ဒုတိယမြောက်ဂိုးကို ပွဲချိန် ၃၂ မိနစ်တွင် ချန်ဘာလိန်က သွင်းယူပေးခဲ့ပြီး ပထမပိုင်းတွင် လီဗာပူးလ်က နှစ်ဂိုး၊ ဂိုးမရှိဖြင့် ပွဲကိုဦးဆောင်ထားနိုင်ခဲ့သည်။


ဒုတိယပိုင်းတွင် ခရစ္စတယ် ပဲလေ့စ်အသင်းက ဂိုးရရှိရေး ကြိုးပမ်းခဲ့ပြီး ပွဲချိန် ၅၅ မိနစ် တွင် အက်ဒွက်က ချေပဂိုး တစ်ဂိုးကို သွင်းယူပေးခဲ့သည်။ ခရစ္စတယ်ပဲလေ့စ် အသင်း၏ တိုက်စစ်ပိုင်းက လီဗာပူးလ် ခံစစ်ကို အလုပ်ရှုပ်စေပြီး ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော် လည်း ဂိုးသမားအလစ်ဆန်က  လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ သည်။ လီဗာပူးလ်အသင်း အတွက် နောက်ထပ်အနိုင်ဂိုးကို ပွဲချိန် ၈၉ မိနစ်တွင် ပင်နယ်တီ ကတစ်ဆင့် ဖာဘင်ဟိုကသွင်းယူ ပေးခဲ့ခြင်းဖြစ်ပြီး အဝေးကွင်း တွင် ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့သည်။


အခြား ပရီးမီးယားလိဂ်ပွဲ စဉ်ဖြစ်သည့် အာဆင်နယ် အသင်းနှင့် ဘန်လေအသင်းတို့ ၏ ပွဲစဉ်တွင် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ 


နည်းပြ အာတီတာ၏ အာဆင်နယ် အသင်းသည် ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော် လည်း အဆုံးသတ်ပိုင်းလိုအပ် ချက်ရှိနေသလို အပိုင်အခွင့်အရေး များကို အသုံးချနိုင်ခြင်းမရှိ သောကြောင့် အိမ်ကွင်း အမ်း မရိတ်တွင် သရေတစ်မှတ်သာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။  (သူရိန်)






အခြားဆက်စပ်သတင်းများ