နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယ်လီဖိုးနီးယားတောမီး ဒေသခံများ နေအိမ် စွန့်ခွာထွက်ပြေး

နယူးယောက်၊  ဇန်နဝါရီ ၂၄


ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဘစ်ရှား ဧရိယာတွင် တောမီးလောင်ကျွမ်းခြင်း ကြောင့် ဒေသခံများကို နေအိမ်စွန့်ခွာ ထွက်ပြေးရန် အာဏာပိုင်များကအမိန့် ထုတ်ပြန်လိုက်သည်။  


ပါလိုကော်လိုရာဒိုချောက်အတွင်း တောမီးစတင်လောင်ကျွမ်းပြီးနောက် တာဝန်ရှိသူများက ဒေသခံများကိုဘေး လွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ ခြင်းဖြစ်သည်။ 


တောမီးမှာ ဟက်တာ ၁၀၀ ကျော် အထိ ပျံ့နှံ့ခဲ့ပြီး တောမီးအခြေအနေ ကြောင့်     အန်ဒရူးမိုလာရာပန်းခြံမှ ကုလားအုပ်ကမ်းခြေအထိ အဝေးပြေး လမ်းမကြီး အမှတ် ၁ ကို ပိတ်ထားရ ကြောင်း သိရသည်။


ထို့ပြင် ဘေးလွတ်ရာပြေးလာသည့် ဒေသခံများအတွက် ကျောင်းတစ် ကျောင်းတွင် ကယ်ဆယ်ရေးအဆောက် အဦတစ်ခုကို ယာယီတည်ဆောက်ပေး ထားကြောင်း အမေရိကန်ကြက်ခြေနီ စင်တာ မှ အသိပေးထုတ်ပြန်ထားသည်။ 


ဇန်နဝါရီလအတွင်း ပင်လယ်အော် ဧရိယာ တွင် လေပြင်းများတိုက်ခတ်နိုင် ကြောင်း ထုတ်ပြန်ချက်များရှိသော် လည်း အမေရိကန်အမျိုးသား မိုးလေဝသ ဌာနမှ မိုးလေဝသပညာရှင်များကမူ လေပြင်းတိုက်ခတ်မှုမှာ မြင့်မားသည့် အမြင့်ပိုင်းတွင်သာ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။     

(Ref: Reuters)






အခြားဆက်စပ်သတင်းများ