နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောင်းရာသီအိုလံပစ်မတိုင်မီ ပေကျင်းရှိ လူနှစ်သန်းကို ကိုဗစ် စစ်ဆေးမည်

ပေကျင်း၊  ဇန်နဝါရီ ၂၄


ဆောင်းရာသီအိုလံပစ် စတင်ရန် နှစ်ပတ်ခန့်သာလိုတော့သည့် အချိန်တွင် ပေကျင်းရှိ ကိုဗစ်-၁၉ ပြန့်ပွားမှုဖြစ်နေ သော လူနေရပ်ကွက်များတွင် နေထိုင် သူ နှစ်သန်းကို ရောဂါပိုးစစ်ဆေးသွား မည်ဖြစ်ကြောင်း မြို့တော်တာဝန်ရှိသူ များက ပြောကြားသည်။ 


အာဏာပိုင်များအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပစ္စည်းများ ပို့ဆောင် ခြင်းသည် ပြန့်ပွားမှုအရင်းအမြစ်ဖြစ်နိုင် သည်ဟု ကောက်ချက်ချပြီး နိုင်ငံတကာမှ ပို့ဆောင်လာသည့် ပစ္စည်းများကို ပိုး သတ်ရန် စာတိုက်ဝန်ထမ်းများအား ညွှန်ကြားထားသည်။ 


ကမ္ဘာ့လူဦးရေအများဆုံး မြို့များ အနက်တစ်ခုဖြစ်သော ပေကျင်းတွင် ပြီးခဲ့ သည့် ရက်သတ္တပတ်အတွင်း ကူးစက်မှု ၃၀ ကျော် တွေ့ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းအိုမီခရွန်မျိုးကွဲကြောင့် ကူးစက်မှုများ မြင့်မားနေချိန်တွင် တရုတ်၏ ကူးစက်မှု သည် အနည်းငယ်သော ပမာဏသာ ရှိနေကြောင်း သိရသည်။ 


ဖေဖော်ဝါရီလ ၄ ရက်တွင် စတင်မည့် ပေကျင်း ဆောင်းရာသီအိုလံပစ်အတွက် နိုင်ငံတကာမှ ကိုယ်စားလှယ်အဖွဲ့များ၊ အားကစားသမားများ၊ သတင်းမီဒီယာ များနှင့် ဝန်ထမ်းများ စတင်ရောက်ရှိ လာပြီဖြစ်ရာ ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ကာ ကွယ်ရန် တရုတ်သည် အိုလံပစ်တွင် ပါဝင်သည့် လူပေါင်းထောင်ချီကို အနီး ကပ်  တင်းကျပ်စွာ ကြီးကြပ်လျက်ရှိ ကြောင်း သိရသည်။               

(Ref:BBC)






အခြားဆက်စပ်သတင်းများ