နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲရန်ကုန်မြို့ အင်းယားကန်၌ ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ  ၂၃


အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံလှေ လှော်အဖွဲ့ချုပ်တို့  ပူး‌ပေါင်း၍ ၂၀၂၂ ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက၊ ရန်ကုန်မြို့ အင်းယားလမ်းရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပ သည်။ ‌


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်  ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီး   ဥပဒေချုပ် ဦးဌေးအောင်တို့က အဖွင့်အမှာ စကားများ ‌ပြောကြားကြသည်။ 


ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်  ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်   မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်  ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းတို့က ပြိုင် ပွဲကျင်းပရေးဆိုင်ရာများကို ရှင်းလင်းတင်ပြကြပြီး တက် ရောက်လာသူများက  မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေး နွေးတင်ပြကြသည်။ 


တင်ပြချက်များနှင့်ပတ် သက်၍  တိုင်းဒေသကြီးစည်ပင် သာယာရေးဝန်ကြီး (မြို့တော် ဝန်)နှင့် တိုင်းဒေသကြီး ဥပဒေ ချူပ်တို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။ 


ထို့နောက်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်က နိဂုံးချုပ်အမှာ စကားတွင် ပြိုင်ပွဲမတိုင်မီလိုအပ် ချက်များနှင့် ဖွင့်ပွဲအခမ်းအနား အတွက် ကြိုတင်ပြင်ဆင်ရန်ကိစ္စ ရပ်များကို အချိန်နှင့်တစ်ပြေးညီ အောင်မြင်စွာကျင်းပနိုင်ရေးကို မိမိအနေဖြင့်လည်း အစွမ်းကုန် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။ 


အဆိုပါပြိုင်ပွဲတွင် ကချင် ပြည်နယ်နှင့် ကယားပြည်နယ် မှလွဲ၍ ကျန်တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များက  အမျိုးသား ၁၃ သင်း၊ အမျိုးသမီး ၁၁ သင်း အားကစားသမား  စုစု‌ပေါင်း ၃၅၀‌ ကျော် ဝင်‌ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး ပြိုင်ပွဲကို  ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက် အထိ ရန်ကုန်မြို့ အင်းယားကန် ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

အောင်မြင့်ဌေး

(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ