နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွမ်ဘိုင်းအထပ်မြင့်အဆောက်အအုံမီးလောင် ခြောက်ဦးသေဆုံး ၂၈ ဦး ဒဏ်ရာရ

မွမ်ဘိုင်း    ဇန်နဝါရီ    ၂၃


မွမ်ဘိုင်းမြို့ Bhatia ဆေးရုံအနီးရှိ အထပ်မြင့်အဆောက် အအုံတစ်ခုတွင် ဇန်နဝါရီ ၂၂ ရက်က ရုတ်တရက်မီးလောင်မှု ဖြစ်ပွားခဲ့ရာ ပြင်းထန်သည့် မီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူခြောက်ဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိကြောင်း အာဏာပိုင် များက ထုတ်ပြန်သည်။ 


ကနဦးသတင်းများအရ မြို့တော်တာဒီအို (Tardeo) ဧရိယာရှိ  နာနာချောက် (Nana Chowk) ရှိ  ကာမလာ (Kamala) အဆောက်အအုံဆယ့်ရှစ်ထပ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ မွမ်ဘိုင်းမီးသတ်တပ်ဖွဲ့အနေဖြင့် ၎င်းမီးလောင်မှုကို လောင်ကျွမ်းမှုပမာဏများသည့် Level-3 အဆင့်အဖြစ်သတ်မှတ်ခဲ့ရပြီး မီးလောင်မှုကိုငြိမ်းသတ်ရန် မီးသတ်ယာဉ် ၁၃ စီးအသုံးပြုခဲ့ကာ ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့ အရေးပေါ်လူနာတင်ယာဉ်ငါးစီးနှင့် ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။  


မီးလောင်ကျွမ်းမှုမှာ အဆောက်အအုံ၏ လျှပ်စစ်ပြွန် အတွင်းရှိ ကေဘယ်ကြိုးအချို့ အရည်ပျော်ရာမှတစ်ဆင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ လျှပ်စစ်ပြွန်မှ မီးခိုးများမှာအထပ် များစွာသို့ပျံ့နှံ့သွားပြီး အဆောက်အအုံတွင် မီးငြှိမ်းသတ်သည့် စနစ်ပါရှိသော်လည်း အလုပ်မလုပ်ခဲ့ကြောင်း တာဝန်ရှိသူ များက ပြောသည်။ လက်ရှိတွင် မီးခိုးငွေ့ရှူရှိုက်မိသည့်  အဆောက်အအုံ၏ အလွှာအားလုံးရှိ လူများကိုဘေးလွတ်ရာ သို့ရွှေ့ပြောင်းပေးထားပြီး ဆေးစစ်ရန် ဆေးရုံများသို့ပို့ဆောင် ပေးထားသည်။ 

(Ref: BBC)






အခြားဆက်စပ်သတင်းများ