နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်သို့ပြေးဆွဲသည့် လေကြောင်းခရီးစဉ် ၄၄ ခု အမေရိကန် ယာယီရပ်တန့်

ဝါရှင်တန်   ဇန်နဝါရီ    ၂၃


တရုတ်သို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်များကို ယာယီ ပိတ်ပင်ရန် အမေရိကန်က ဆုံးဖြတ်ချက် ချလိုက်ပြီး ယင်းကို ဇန်နဝါရီ ၃၀ ရက်တွင် စတင်လုပ်ဆောင်မည်ဖြစ် ကြောင်း သိရသည်။ ယင်းသို့လုပ်ဆောင် ခြင်းသည် အကျိုးအကြောင်းမသင့် လျော်ကြောင်း အမေရိကန်ဆိုင်ရာ တရုတ်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။  


လေကြောင်းခရီးစဉ် ၄၄ ခုကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ယုတ္တိမတန်သောကြောင့် အနှောင့် အယှက်ပေးနေမှုများကို ရပ်တန့်ပြီး ခရီးသည်တင် လေကြောင်းလိုင်းများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနိုင်ရေး ခွင့်ပြုပေးရန် တရုတ်သံရုံးက တိုက်တွန်း ထားသည်။  


အမေရိကန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်များ ထပ်မံဖြစ်ပွား လာမည်ကို တားဆီးသည့်အနေဖြင့် အမေရိကန် - တရုတ်လေကြောင်း ခရီးစဉ် ၄၄ ခုကို ယာယီရပ်တန့်ရန် ကြေညာထားခြင်းဖြစ်သည်။  Xiamen Airlines, China Southern Airlines Company နှင့် Air China လေကြောင်း လိုင်းတို့အပါအဝင် လေကြောင်းလိုင်း ၄၄ ခု၏ ခရီးစဉ်များကို ဇန်နဝါရီလ ၃၀ ရက်မှစတင်ပြီး ယာယီပိတ်ပင် သွားမည်ဖြစ်သည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ