နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတွင် ရစ်ချ်တာစကေး ၆ အထက်ငလျင်များ တစ်ပြိုင်တည်း လှုပ်ခတ်

ဂျကာတာ   ဇန်နဝါရီ    ၂၃


အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝေစီပြည်နယ်တွင် ဇန်နဝါရီ ၂၂ ရက်က ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အဆိုပါနေ့တွင် ဂျပန်၌ ပြင်းအား ၆ ဒသမ ၆ အဆင့်ငလျင်တစ်ခုနှင့် ဖိလစ်ပိုင်၌ ပြင်းအား ၆ အဆင့်ရှိ ငလျင်များ တစ်ပြိုင်တည်းလှုပ်ခတ်ခဲ့ ကြောင်း သိရသည်။  ဂျပန်နိုင်ငံကျူရှူး ကျွန်းအနီးလှုပ်ခတ်ခဲ့သည့် ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိငလျင်မှာအိုတာ ခရိုင် အရှေ့တောင်ဘက် ၇၅ ကီလိုမီတာ အကွာကိုဗဟိုပြုကာ မြေအောက်ကီလို မီတာ ၄၀ အနက်ကို ဗဟိုပြုလှုပ်ခတ် ခဲ့ခြင်းဖြစ်သည်။


အဆိုပါငလျင်ကြောင့် မီယာဇာကီ အပါအဝင် အနီးနားရှိ ဒေသများတွင် ပြင်းအား ၅ ရစ်ခ်ျတာစကေးရှိ လှုပ်ခါမှု ကိုခံစားရပြီး ကိုရီးယားနိုင်ငံ၏ ကမ်းရိုး တန်းဒေသများဖြစ်သည့် ဘူဆန်၊ အူလ်ဆန်နှင့် တောင်ပိုင်း ဂျီယွန်ဆောင် ပြည်နယ်များအထိ တုန်ခါမှုကိုခံစား ခဲ့ရကြောင်း သိရသည်။ အလားတူ အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာ ဝေစီပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်မှာ တာလောက်ခရိုင်၊ မီလောင် ဂွန်နီမြို့ အရှေ့တောင်ဘက် ၃၉ ကီလိုမီတာအကွာ ပင်လယ်ကြမ်းပြင် အောက် ၁၂ ကီလိုမီတာကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ထိုနေ့မှာပင် ဖိလစ်ပိုင်နိုင်ငံ၊ဆာရမ် ဂါနီ အရှေ့တောင်ဘက် ၂၃၁ ကီလို မီတာအကွာကိုဗဟိုပြုပြီး ပြင်းအား ၆ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ 


အလားတူ အင်အားပြင်းတုန်ခါမှု များသည် လာမည့်ရက်သတ္တပတ်အတွင်း ထပ်မံဖြစ်ပွားနိုင်သည့်အတွက် သတိ ထားရန် ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးထားသည်။     (Ref:Reuters)






အခြားဆက်စပ်သတင်းများ