နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်လျော့ပါးရေး ကြိုတင်ပြင်ဆင် ကာကွယ်ပေး

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးများ အဖြစ်များလာနေသည်။ လူ့ပယောဂကြောင့်ဖြစ်‌သော ဘေး အန္တရာယ်များကို မဖြစ်ပေါ်စေရန် တားဆီး၍ရကောင်းရနိုင်မည် ဖြစ်သော်လည်း၊ သဘာဝကြောင့်ဖြစ်ပေါ်လာသော ဘေး အန္တရာယ်များကို တားဆီး၍မရနိုင်ဘဲ ဘေးအန္တရာယ်ကြီးမားမှု အတိုင်းအတာအရ အသက်အိုးအိမ်၊ စည်းစိမ်များ၊ အခြေခံ အဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းနှင့်အများ ကြုံတွေ့ရလျက်ရှိသည်။


သဘာဝဘေးအန္တရာယ်သည်  နိုင်ငံတစ်နိုင်ငံ၏   စဉ်ဆက်မပြတ် တိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်း များကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တိုင်း ဒေသကြီးမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ သဘာဝဘေး အန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ၊ ကော်မတီများ ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိသည်။


ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ဇန်နဝါရီ ၁၃ ရက် ကျင်းပရာ နွေရာသီတွင်ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ပြင်ဆင်ထားမှု နှင့် ရာသီဥတုပြောင်းလဲလာမှုကြောင့် မုန်တိုင်းအန္တရာယ်၊ ငလျင် ဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ထည့်သွင်းမှာကြား ခဲ့သည်။ 


ရန်ကုန်တိုင်းအဆင့်   သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းရာတွင် စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၊ သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ငန်းကော်မတီ၊ ကနဦးလုပ်ငန်း လိုအပ်ချက်များကို စစ်တမ်းကောက်ယူရေး လုပ်ငန်းကော်မတီ၊ အသက်မွေးဝမ်းကျောင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီဟူ၍ ကော်မတီအသီးသီးကို ဖွဲ့စည်းဆောင်ရွက်သွား မည်ဟု သိရသည်။

သဘာဝဘေးအန္တရာယ်ကာကွယ်ရေးတွင် ကြိုတင်ပြင်ဆင် ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ်စီမံ          ခန့်ခွဲမှုစက်ဝန်းပါ အန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချခြင်း၊ ကြိုတင် ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း ဟူသည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဖြင့် ထိခိုက်မှု လျော့နည်းပြီး၊ ထောက်ပံ့မှုမျာုးလည်း မြန်ဆန်ထိရောက်မည်  ဖြစ်သည်။ 


ထို့ကြောင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ရပ်ရွာ လူထုကပါ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများတွင် ဘက်စုံ၊ ကဏ္ဍစုံမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ် ပေသည်။






အခြားဆက်စပ်သတင်းများ