နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာနန္ဒာဘုရားကြီးဗုဒ္ဓပူဇနိယပွဲတော်ကို ကိုဗစ်-၁၉ ရောဂါကြောင့် အကျဉ်းရုံး ကျင်းပသွားမည်

ရန်ကုန်၊ ဇန်နဝါရီ  ၁၃


ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွား ဧည့်သည်များ အလေးထားဖူးမြော်ရာ နေရာ တစ်ခုဖြစ်သည့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံ ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပသော် လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ နှင့် ဆွမ်းသပိတ် လောင်းလှူခြင်းဖြင့် အကျဉ်းရုံး ကျင်းပသွားမည်ဖြစ်သည်။


ထိုသို့ အကျဉ်းရုံး ကျင်းပရာ၌ ဗုဒ္ဓပူဇနိယ ပွဲတော်အထိမ်းအမှတ် ပဌာန်းရွတ်ဖတ်ပူဇော် ပွဲကို ပြာသိုလဆန်း ၁၁ ရက်မှ ပြာသိုလပြည့် နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆွမ်းသပိတ် လောင်းလှူပူဇော်ခြင်းကို စေတနာရှင် ပြည်သူများ ကုသိုလ်ပြုလှူဒါန်းနိုင်ရေး အတွက် ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၈ နာရီက စတင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လှူဒါန်းရရှိသော ဆွမ်းသပိတ်များနှင့် လှူဖွယ်ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် လူစုလူဝေးမဖြစ်စေရေး အတွက် ဂေါပကအဖွဲ့နှင့် လုပ်အားဒါန ကုသိုလ်ရှင်များအဖွဲ့က ဘုရားကို အမှူးပြု၍ ပင့်သံဃာအရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အာနန္ဒာဘုရားကြီး   ဂေါပကအဖွဲ့ဝင် ဦးကျော်ထွေး ထံမှ သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)






အခြားဆက်စပ်သတင်းများ