နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်၊ ငှက်၊ တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်

မျက်မှောက်ကာလတွင် သတိပြုရမည့်အချက်များမှာ ဇီဝ အန္တရာယ်ဟုဆိုသည့် အစားအသောက်များတွင်ပါဝင်သော ပိုးမွှား နှင့် အဆိပ်အန္တရာယ်ဖြစ်သည်။ သက်ဆိုင်ရာဝန်ကြီးဌာနများက စနစ်တကျ သုတေသနပြု ရှာဖွေစမ်းသပ် ဖော်ထုတ်ပြသနိုင်သဖြင့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ ရရှိခဲ့သည်။


ကြက်၊ ငှက် တုပ်ကွေးရောဂါဖြစ်ပွားနေမှုကို သတင်းများတွင် ဖော်ပြလာသည်ကို တွေ့ရသည်။ အစ္စရေးစိုက်ပျိုးရေးဝန်ကြီးဌာန မှ ဘင်ယာမီနာဒေသရှိ မွေးမြူရေးခြံတစ်ခုတွင် ကြက် ၁၈,၇၀၀ ကောင်၊ ကြက်၊ ငှက် တုပ်ကွေးရောဂါ ကူးစက်ခံနေရကြောင်း ဇန်နဝါရီ ၁၂ ရက် သတင်းထုတ်ပြန်ထားသည်။ ကြိုးကြာကောင်ရေ ၈၀၀၀ ခန့် အပါအဝင် ကြက်၊ ငှက် တုပ်ကွေးရောဂါ ကူးစက်ခံထား ရသည့် ငှက်ပေါင်း တစ်သန်းကျော်ရှိသည်ဟု ထည့်သွင်းဖော်ပြ ထားသည်။


ထို့ကြောင့် မြန်မာနိုင်ငံတွင် ကြက်၊ ငှက် တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာနများက ကြိုတင်အသိပေးထုတ်ပြန်ထားသည်။ ကြက်၊ ငှက် တုပ်ကွေးရောဂါသည် ရောဂါဖြစ်ပွားနေသော ကြက်၊ ငှက် ထွက်ပစ္စည်းများမှတစ်ဆင့် လူသို့ ကူးစက်သေဆုံးနိုင်သော ရောဂါဖြစ်သည်။


လက်တွေ့ဘဝတွင် လူတို့သည် အလွယ်တကူနှင့်သက်သာမှု ကို ရှာဖွေရယူစားသောက်တတ်မှုကြောင့် ဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ခံစားနေကြရသည်။ လူတို့၏ အစားအစာများမှ ကြက်၊ ငှက်တုပ်ကွေးရောဂါ ကူးစက်မလာစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များမှာ ကြက်၊ ဘဲ၊ ငုံးစသည့် ကြက်၊ ငှက် မွေးမြူရေးခြံ များ၏ ဇီဝလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန် ကြက်၊ ငှက် မွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ အရှင်ဈေးများတွင် ပိုးသတ် သန့်စင်ခြင်းလုပ်ငန်း၊ စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန် ပြုလုပ်ဆောင်ရွက်ရန် ၊ ကြက်၊ ငှက် မွေးမြူရေးခြံအတွင်း ဝင်ရောက်ပါက နှာခေါင်းစည်း၊ လက်အိတ် စသည့်အကာအကွယ် ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန်၊ ကြက်၊ ငှက်များ ကိုင်တွယ် ပြီးတိုင်း၊ ကြက်ခြံမှ ထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေး ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ခြင်း ဆောင်ရွက်ရန်၊ ကြက်၊ ငှက်၊ အသား၊ ဥ စသည်များ သေချာစွာ ချက်ပြုတ်စားသုံး ရန်၊ ကြက်၊ ငှက်များ ပုံမှန်မဟုတ်သော ရုတ်တရက်သေဆုံး ကြောင်း ကြားသိရပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ သို့ ချက်ချင်းသတင်းပို့ရန် လိုအပ်ပေသည်။


သို့ဖြစ်ရာ ကြက်၊ ငှက် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် ပြည်သူအားလုံး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ