နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူ့အငှားအိမ်ရာ အခန်း ၁၀၀၀၀ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး တက်ရောက်ဆွေးနွေး

ရန်ကုန်  ဇန်နဝါရီ  ၁၃


နေရေး အခက်အခဲရှိသည့် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား ဝန်ထမ်းများ၊ ဝင်ငွေနည်း ပြည်သူ များ စိတ်အေးချမ်းသာစွာ နေ ထိုင်နိုင်ရန် ရည်ရွယ်၍ နေပြည် တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ ကြီးများတွင် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အငှားအိမ်ရာ အခန်း ၁၀၀၀၀ တည်ဆောက်ရေး စီမံ ကိန်းလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ က Video Conferencing  စနစ် ဖြင့် ဆောင်ရွက်ရာ ပြည်သူ့ အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီအဖွဲ့ဝင် ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့အငှား အိမ်ရာ စီမံကိန်းကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး တက်ရောက်ဆွေးနွေးသည်။


အစီအစဉ်အရ ပြည်သူ့အငှား အိမ်ရာ တည်ဆောက်ရေး ဦးစီး ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေးက "ပြည်သူ့ အငှားအိမ်ရာ စီမံကိန်းများ၌ အိမ်ခန်းအငှားချထားမည့် အစီ အစဉ်နှင့် မူဝါဒများ ချမှတ်နိုင် ရန် ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ တိုက်တွန်းပါကြောင်း" အဖွင့် အမှာစကား ပြောကြားပြီး ဦးစီးကော်မတီ အတွင်းရေးမှူး ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်က စီမံကိန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ပြည်သူ့အငှား အိမ်ရာချထားရေးဆိုင်ရာ မူဝါဒ များကိုလည်းကောင်း၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်းက ငှားရမ်းနေထိုင်ခွင့် ဆိုင်ရာ အခြေခံမူများ၊ အိမ်ခန်းလျှောက် ထားသူများအတွက် သတ်မှတ် ချက်များနှင့် စီမံကိန်း၏ ဘဏ္ဍာ ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းဆွေး နွေးကြသည်။           အရှည် ၂,၈၀၀ ပေ၊ အကျယ် ၂၄ ပေ၊ ထု ကိုးလက်မ နှစ်လမ်းသွား ကွန်ကရစ် ခင်းကျင်းနေမှုနှင့် ယန္တရားမောင်း အထူးမွမ်းမံ သင်တန်း အမှတ်စဉ် (၁/၂၀၂၂) မှ သင်တန်းသားများဖြင့် ယန္တရား များ လက်တွေ့အသုံးပြုလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ကွန်ကရစ်ခင်းကျင်း ရာတွင် စံချိန်စံညွှန်းမီခင်းကျင်း ရန်၊ ရှင်းလင်းပြီးဖြစ်သည့် ကွန်ကရစ်ကျိုးများ အသုံးပြု၍ လမ်းပခုံးများ အမာခံရရှိရေး ဆောင်ရွက်ရန်၊ လမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ရန်နှင့် အုပ်မိုးကိုင်း များ ခုတ်ထွင်ရှင်းလင်းပုံသွင်း ရန်နှင့် သင်တန်းသားများ ကျွမ်းကျင် တတ်မြောက်စေရေး လေ့ကျင့်ပေးရန်တို့ကို မှာကြား သည်။


အဆိုပါလမ်းသည် မင်းဓမ္မ လမ်းနှင့် ပြည်လမ်းကိုဆက်သွယ် ထားသဖြင့် မင်းဓမ္မလမ်း ယာဉ် ကြောကျပ်တည်းမှု လျှော့ချနိုင် ရန် ပြန်လည်ဖောက်လုပ်ခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ ကွန်ကရစ်ခင်းကျင်းမှု ၇၀ ရာခိုင် နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် အင်ဂျင်နီယာဌာန(ရေစီးရေလာ စီမံခန့်ခွဲမှု) မှ ဆောင်ရွက်နေ သော မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်နှင့် လှိုင်မြို့နယ် ၁၂ ရပ်ကွက်အကြား မင်းဓမ္မလမ်း သမိုင်းချောင်းသို့ သွားရောက်၍ ယင်းချောင်း ရေစီးရေလာ ကောင်းမွန်စေရန် အမှိုက်များ၊ နုန်းနှင့် သဲမြေများ ဆယ်ယူ ရှင်းလင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။


အဆိုပါ သမိုင်းချောင်း အတွင်းသို့ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ ၃ ရပ်ကွက်တို့မှ ရေ များ ပြည်လမ်းမှတစ်ဆင့်စီးဆင်း ပြီး ထိုမှတစ်ဆင့် လှိုင်မြစ် အတွင်းသို့ စီးဝင်ကြောင်းနှင့် သမိုင်းချောင်း ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်း ဖြင့် အဆိုပါ ရပ်ကွက်များ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင် မည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲ တွင် မရမ်းကုန်းမြို့နယ်၊ ၇ ရပ်ကွက်၊ ပါရမီလမ်းပေါ်ရှိ အင်းလျားကန် ရေဝင်ပေါက် ရေမြောင်းနှင့် ရေစစ်ကန်ပြန်လည် ပြုပြင် တည်ဆောက်ထားမှုနှင့် ရေစစ်ကန်နှစ်ကန်အကြား ရေ ဝင်ပေါက် မြောင်းတစ်လျှောက် ဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ် ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး အင်းလျား ကန်သို့ ဝင်ရောက်သည့် ရေများ ပိုမိုသန့်စင်စေရေးအတွက် ကန် စပ်တွင် မြေသားကန် ထပ်မံ တူးဖော်ရေးနှင့် ရေမြောင်းဝဲ/ ယာ မြေယာရှုခင်းလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။


ထိုမှတစ်ဆင့် မြို့တော်ဝန် နှင့်အဖွဲ့သည် ပါရမီလမ်း ပန်း ဥယျာဉ်နှင့် အားကစားကွင်းများ ဌာန ပါရမီကစားကွင်းသို့ သွား ရောက်၍ ဘောလုံးကွင်းနှင့် ဘော်လီဘောကွင်းတို့ကို မြေညှိ ပြုပြင်ရန်၊ ပိုက်ကျော်ခြင်းကွင်း ပြန်လည်ပြုလုပ်ပေးရန်၊ ကွင်း အတွင်း သစ်ပင်ကြီးများ၏ အောက်ခြေကိုရှင်းလင်၍ မြေယာ ရှုခင်း ဆောင်ရွက်ပေးရန်၊ အမှိုက်ကန်နှင့် ဝန်းကျင်ကို သန့်ရှင်းစွာထားရှိရန်နှင့် ကစား ကွင်းရှေ့ လူသွားစင်္ကြံကို ပြန်လည် ပြုပြင်ရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသည် စံပြ ရပ်ကွက်မှသည် မြို့နယ်၊ မြို့နယ် မှသည် ခရိုင်၊ ယင်းမှ တိုင်းဒေသ ကြီးတစ်ခုလုံးအထိ ဖွံ့ဖြိုးတိုး တက်အောင် ရည်ရွယ်၍ မြို့နယ် များအတွင်း စံပြရပ်ကွက်များ အကောင်အထည်ဖော်လျက်ရှိ ရာ မရမ်းကုန်းမြို့နယ်အတွင်း ၇ ရပ်ကွက်ကို စံပြရပ်ကွက်အဖြစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-သွင်မောင်မောင်

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ