နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဖက်အစိုနှင့်အခြောက် တန်ချိန် ၄၉၀၀ ခန့် တင်ပို့ရောင်းချ

ရန်ကုန်  ဇန်နဝါရီ  ၁၂ 


ကမ္ဘာပေါ်တွင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကင်ညာ၊ တူရကီ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ သီရိလင်္ကာနှင့် အီရန်နိုင်ငံများ မှာ လက်ဖက်အများဆုံး ထုတ် လုပ်သည့် ၁၀ နိုင်ငံစာရင်းဝင် နိုင်ငံများဖြစ်သည်။ အဆိုပါ လက်ဖက်အများဆုံး ထုတ်လုပ် နေသည့် စာရင်းဝင်နိုင်ငံများ တွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ များသည် ပြည်တွင်းစားသုံးမှု လိုအပ်ချက်အရ ပြည်ပမှပင် ပြန်လည် တင်သွင်းနေရသည့် နိုင်ငံများဖြစ်သည်။


မြန်မာနိုင်ငံမှ စိုက်ပျိုးထွက် ရှိနေသည့် လက်ဖက်စိုနှင့် လက်ဖက်ခြောက်များကို တရုတ် နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ တင်ပို့ ရောင်းချလျက်ရှိသည်။ မြန်မာ နိုင်ငံမှ စိုက်ပျိုးထွက်ရှိနေသည့် လက်ဖက်စိုနှင့် လက်ဖက်ခြောက် များကို ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံများသို့ တင်ပို့ ရောင်းချရာတွင် လက်ဖက် ခြောက်များကို တရုတ်၊ ယူအေ အီးနှင့် အာဆီယံနိုင်ငံများသို့ လည်းကောင်း၊ လက်ဖက်အစို များကို ကိုရီးယားနှင့် ဂျပန်နိုင်ငံ များသို့ တင်ပို့ရောင်းချသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လက်ဖက်အစိုနှင့် လက်ဖက် ခြောက် တန်ချိန် ၄၉၀၀ ခန့် အထိ တင်ပို့ရောင်းချပေးခဲ့ရ သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ တွင် လက်ဖက် စိုက်ပျိုးရေး လုပ်ငန်းများကို ရှမ်းပြည်နယ် တွင် အများဆုံး စိုက်ပျိုးလုပ် ကိုင်မှု ရှိနေသည်။


ထိုသို့ စိုက်ပျိုးဆောင်ရွက် ရာတွင် စိုက်ပျိုးရာနေရာဒေသ အလိုက် တရုတ်လက်ဖက်၊ အာသံလက်ဖက်နှင့် အင်ဒိုချိုင်းနား လက်ဖက် လက်ဖက်မျိုးသုံးမျိုး ကို အများဆုံး စိုက်ပျိုးသည်။ တရုတ်လက်ဖက်မျိုးသည် အပင် ပုပြီး အစိမ်းရင့်ရောင်ဖြစ်သည်။ အပင်ပုပြီး အရွက်မှာ အစိမ်းရင့် ရောင်ရှိပြီး အရွက်သေးသည်။ ချုံပုတ်ပုံစံဖြစ်နေသဖြင့် အထွက် နှုန်းနည်းသည့် လက်ဖက်မျိုး များဖြစ်သည်။ အာသံလက်ဖက် သည် အပင်ငယ် ပုံသဏ္ဌာန်ဖြင့် ပေသုံးဆယ်မှ ပေငါးဆယ်အထိ ရှိကာ အရွက်ကြီးမားပြီး ရွက် ကြောများ ထင်ရှားကာ အထွက် နှုန်းကောင်းသည့် လက်ဖက်မျိုး များဖြစ်သည်။


ထို့အတူ အင်ဒိုချိုင်းနား လက်ဖက်မျိုးမှာလည်း အရွက် များမှာ အာသံလက်ဖက်နီးပါး ထူပြီး အဝါရောင် သို့မဟုတ် အစိမ်းဖျော့ရောင်ရှိသည်။ ယခု အခါ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနှင့် ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေး ဆောင်ရွက်နေမှုများကို အထောက်အကူ ဖြစ်စေရေး အတွက် ရှမ်းပြည်နယ်တွင် လက်ဖက်ကို ဘိန်းအစားထိုး အဖြစ် စိုက်ပျိုးနေသည့် တောင်သူ များကို နည်းပညာများ ပံ့ပိုး ဆောင်ရွက်နေသည်။    CN-031






အခြားဆက်စပ်သတင်းများ