နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဘိုကလေးမြို့နယ် ယိုးဒယားအုန်းချိုမွှေး စမ်းသပ်စိုက်ပျိုးမှုများ တိုးတက်များပြားလာ

ကလေး  ဇန်နဝါရီ   ၁၂


ဘိုကလေးမြို့နယ် ပင်လယ် ကမ်းခြေဒေသများသည် အုန်းခြံ များစွာ စိုက်ပျိုးလုပ်ကိုင်ဆောင် ရွက်နေသည့် အရပ်ဒေသများ ဖြစ်သည်။ ထို့ကြောင့် အဆိုပါ အရပ်ဒေသများတွင် အုန်းခြံများ စွာရှိနေပြီး အုန်းလုပ်ငန်းများ ကို စီးပွားဖြစ်လုပ်ကိုင် ဆောင် ရွက်လျက်ရှိသည်။ အဆိုပါဒေသ များတွင် စိုက်ပျိုးလုပ်ကိုင်နေ သည့် အုန်းပင်များသည်စတင် စိုက်ပျိုးချိန်မှ ခုနစ်နှစ်၊ ရှစ်နှစ် ကြာမှ အသီးဆွတ်ခူးရရှိကြသည်။ 


အုန်းပင်တစ်ပင် စိုက်ပျိုး လျှင် ခုနစ်နှစ်၊ ရှစ်နှစ်ကြာမှ အကျိုးအမြတ်များ ခံစားရရှိ သည်။ ထို့ပြင် အုန်းပင်များ သည် အပင်သက်ကြာရှည်လာ လျှင် အသီးသီးနှုန်းနည်းပါးလာ ကြသည်။ အဆိုပါ ဒေသရှိ အုန်းခြံများသည် အနှစ်ခြောက် ဆယ်ကျော် ရှိလာနေပြီဖြစ် သဖြင့် အသီးသီးနှုန်းနည်းလာ ကာ အုန်းခြံပိုင်ရှင်များအနေနှင့် တွက်ခြေကိုက်မှု နည်းပါးလာ ခဲ့ကြသည်။


ပိုမို တွက်ခြေကိုက်မှုရှိစေရန် အပင်သစ်များကို ထပ်မံစိုက်ပျိုး ကြရမည်ဖြစ်သည်။ အပင်သစ် များ ထပ်မံစိုက်ပျိုးလျှင် နောက် ထပ်ခုနစ်နှစ်၊ ရှစ်နှစ်ကြာမှ အသီး ဆွတ်ခူးကြရမည်ဖြစ်သည်။ 


အချို့သော အုန်းခြံပိုင်ရှင် များသည် အချိန်တိုအတွင်း အကျိုးအမြတ် ပြန်လည်ရရှိနိုင် မည့် ယိုးဒယားအုန်းချိုမွှေးများ ကို စမ်းသပ်စိုက်ပျိုးနေကြ သည်။ ယိုးဒယားအုန်းချိုမွှေး သည် အရည်သောက်အုန်းပင်မျိုး ဖြစ်ပြီး နှစ်နှစ်အတွင်း အသီးသီး သည့် အုန်းမျိုးများဖြစ်သည်။ စမ်းသပ်စိုက်ပျိုးသူ အချို့မှာ အုန်းချိုမွှေးများ ဆွတ်ခူးရရှိနေ ကြပြီဖြစ်သည်။


အဆိုပါဒေသများတွင် မူလ အုန်းခြံများမှ ထွက်ရှိနေသည့် အုန်းသီးတစ်လုံးလျှင် ငွေကျပ် ၂၅၀ ခန့်သာ ပေါက်ဈေးရှိ နေသော်လည်း အုန်းချိုမွှေး တစ်လုံးလျှင် ငွေကျပ်ငါးရာမှ ခြောက်ရာအထိ ဈေးနှုန်းရရှိနေ သည်ဟု ဆိုသည်။ ဘိုကလေးမြို့ နှင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချ ပါက အုန်းချိုမွှေးတစ်လုံးလျှင် ငွေကျပ် ၇၀၀ အထိ ဈေးနှုန်းရရှိ သည်ဟု ဆိုသည်။


မူလအုန်းခြံများမှ အုန်းပင် တစ်ပင်လျှင် အုန်းသီးငါးခိုင်မှ ခုနစ်ခိုင်ခန့်သာ ထွက်ရှိပြီး တစ်ခိုင်တွင် အုန်းသီးငါးလုံးမှ ဆယ်လုံးအထိသာ ဆွတ်ခူးရရှိ သည်။ အုန်းချိုမွှေး တစ်ပင်လျှင် အုံးခိုင် သုံးခိုင်မှ လေးခိုင်အထိ သာထွက်ရှိသော်လည်း တစ်ခိုင် တွင် အုန်းသီးအလုံး ၃၀ ခန့်အထိ ဆွတ်ခူးရရှိသည်။ ယိုးဒယားအုန်းချိုမွှေး စိုက်ပျိုး ရေး လုပ်ငန်းများမှာ ယခင် မူလအုန်းခြံများထက် များစွာ တွက်ခြေကိုက်မှု ရှိနေသဖြင့် စမ်းသပ်စိုက်ပျိုးသူ မြင့်တက် လာနေခြင်းဖြစ်သည်။ 


ယခုအခါ ဘိုကလေး မြို့နယ် ပင်လယ်ကမ်းခြေဒေသ ကဒုံကနိ၊ အေရာ၊ အုန်းပင်စု၊ ကွင်းယာ၊ ရွှေစာရံနှင့် ပတ်ဝန်း ကျင်ဒေသများတွင် စမ်းသပ် စိုက်ပျိုးမှုများ လုပ်ကိုင်ဆောင် ရွက်နေကြသည်ဟု ဆိုသည်။ အဆိုပါ ယိုးဒယားအုန်းချိုမွှေး  ပျိုးပင်များကို ရန်ကုန်မြို့ပျိုးပင် အရောင်းဆိုင်များမှ တစ်ပင် လျှင် အပင်အရွယ်အစားအလိုက် ငွေ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ် အထိ ဝယ်ယူစိုက်ပျိုးကြရသည် ဟု ဆိုသည်။                  CN-031






အခြားဆက်စပ်သတင်းများ