နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသာယာသပ်ရပ်ရေး အမှိုက်စနစ်တကျ စွန့်ပစ်ပေး

ကမ္ဘာတွင် နိုင်ငံတိုင်း၊ မြို့ရွာတိုင်း သဘာဝပတ်ဝန်းကျင်၏ စိန်ခေါ်မှုကို မျှဝေခံစားနေကြရသည်။ လူသားတိုင်းက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို   အနိမ့်ဆုံးတာဝန်အဖြစ် ထမ်းဆောင်သင့်သည်။  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး       တွင် အမှိုက်က အခြေခံအကျဆုံးပြဿနာပင် ဖြစ်သည်။


တိုးတက်ပြောင်းလဲလာသော လူနေမှုစနစ်တွင် စွန့်ပစ်အမှိုက်၊ အိမ်တွင်းအမှိုက်ပစ္စည်းများက နေ့စဉ်တိုးလာသည်။ အိမ်သုံး အမှိုက်ပုံးများတွင် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များက နေရာများစွာ ယူလာသည်။


အမှိုက်ဟူသည် လူတို့စွန့်ပစ်ရာမှာ အဓိကဖြစ်ပေါ်လာသည့် အရာဝတ္ထုပစ္စည်းများ ဖြစ်သည်။ လူဦးရေထူထပ်လာသည်နှင့်အမျှ စွန့်ပစ်အမှိုက်များကလည်း များပြားတတ်သည်။ လူဦးရေ အထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် နေ့စဉ်အမှိုက်တန်ချိန် ၂၅၀၀ ကျော် ထွက်ရှိနေသည်။


အမှိုက်ဟူသည် မကောင်းသော  စွန့်ပစ်အညစ်အကြေးဖြစ်ခြင်း၊ ပတ်ဝန်းကျင်အမြင်မတင့်တယ်ခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်း စသည်တို့ ဖြစ်တတ်သည်ကိုသိပါလျက်၊ မဆင်မခြင်စွန့်ပစ်နေ ခြင်းဖြစ်သည်။ အမှိုက်ကို စနစ်တကျစွန့်ပစ်ကြရမည်။ စနစ်တကျ သိမ်းဆည်းရမည်။


နေ့စဉ် မိမိနေအိမ်မှ စွန့်ပစ်အမှိုက်ကို စနစ်တကျထုပ်ပိုးပြီး သက်ဆိုင်ရာအမှိုက်ပုံး (သို့မဟုတ်) အမှိုက်သိမ်းဆည်းသူတို့ထံ ပို့ဆောင်ကြရပေသည်။ ထိုသို့ပို့ဆောင်ခြင်းမပြုဘဲ နောက်ဖေး လမ်းကြားသို့ အလွယ်တကူစွန့်ပစ်ခြင်းကို သတိပြုဆင်ခြင်သင့် သည်။ 


မြို့ပြဖွံ့ဖြိုးတိုးတက်စေရန်နှင့် စည်းကမ်းရှိသော မြို့ကြီး၊ ပြကြီးဖြစ်ပေါ်စေရန် ဆောင်ရွက်ရာတွင် မြို့နေပြည်သူများ လိုက်နာကျင့်သုံးအပ်သောအရာမှာ အမှိုက်များကို စည်းကမ်း တကျ စွန့်ပစ်တတ်သည့်အလေ့အထကို စွဲမြဲစွာကျင့်ကြံအားထုတ် ကြရမည်ဖြစ်သည်။ 


လမ်းတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့တိုင်း၊ နေရာတိုင်းတွင် မိမိတို့ နေထိုင်ရာနယ်မြေရှိ ထွက်သမျှအမှိုက်များကို သူ့တာ၊ ကိုယ့်တာ ခွဲခြားပြီး စုပေါင်းပပျောက်အောင် ဆောင်ရွက်သင့်သည်။ 


မြို့ပြနေ ပြည်သူများ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာရေး နှင့် စည်းကမ်းပြည့်ဝသော မြို့ကြီးသားများ ပေါ်ထွန်းလာရေးတို့ တွင် ပြည်သူတစ်ရပ်လုံး ပါဝင်ပူးပေါင်း ဆောင်ရွက်ခြင်းသည်သာ မှန်ကန်သော ကျင့်စဉ်တစ်ရပ်ဖြစ်ပေသည်။






အခြားဆက်စပ်သတင်းများ