နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ဒေသ ခရီးသွား ၄၁ သန်းကျော် ဝင်ရောက်

လားဆာ   ဇန်နဝါရီ    ၇


တရုတ်နိုင်ငံ  အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ၂၀၂၁ခုနှစ်၊ တစ်နှစ်တာ လာရောက်လည်ပတ် သည့် ခရီးသွား ၄၁ ဒသမ ၅ သန်းကျော်ရှိကြောင်း ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ 


ယင်းကာလတွင် ခရီးသွားကဏ္ဍဝင်ငွေ စုစုပေါင်း ယွမ် ၄၄ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံခန့်)ရှိခဲ့ကြောင်း   တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၁ ကြိမ်မြောက် ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေး၏ အချက် အလက်များအရ သိရသည်။ 


တိဗက်ဒေသသည် တိုင်းရင်းသားယဉ်ကျေးမှု၊ သာယာလှပသည့် ရှုမျှော်ခင်းပေါကြွယ်ဝခြင်း၊ ဒေသအတွင်း ခရီးသွားကဏ္ဍ အားကောင်းလာအောင် ဒေသအာဏာပိုင်များက အားဖြည့်တည်ဆောက်ခြင်းများကြောင့် ခရီးသွားများအကြား ရေပန်းစား ရာနေရာတစ်ခုဖြစ်လာသည်။


ဤကုန်းမြင့်ဒေသတွင် ခရီးသွားဆွဲဆောင်မှုနှင့်မှတ်ချက်ကောင်းရှိသည့် နေရာပေါင်း ၁၀၀ ကျော်ရှိပြီး ခရီးသွားလုပ်ငန်း ၂,၇၀၀ ကျော်၊ နေအိမ်တည်းခိုရာ ၂,၃၀၀ ကျော်ရှိသည်။ ၂၀၁၆ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တိဗက်ဒေသသည် ပြည်တွင်းပြည်ပခရီသွား သန်း ၁၅၀ ခန့် ရှိခဲ့ရာ ခရီးသွားကဏ္ဍဝင်ငွေ ယွမ် ၂၁၂ ဒသမ  ၆ ဘီလီယံ ရှိသည်။ 

(ref:Yahoo)






အခြားဆက်စပ်သတင်းများ