နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဥရောပသည် ဗဟိုဖြစ်နေ

ပဲရစ်   ဇန်နဝါရီ    ၇


တစ်ကမ္ဘာလုံးတွင် အိုမီခရွန် ဖြစ်ပွားကူးစက်နေမှု၏ သုံးပုံတစ်ပုံ ခန့်မှာ ဥရောပတွင် ဖြစ်ပွားနေသည့် အတွက် ဥရောပသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု၏ ဗဟိုချက်ဖြစ်နေကြောင်း ပြင်သစ်သတင်းဌာနများက ဖော်ပြ သည်။


The Our World in Data ဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်အရ ဥရောပတိုက်သား ၆၅ ရာခိုင်နှုန်းသည် တစ်စိတ်တပိုင်း ကာကွယ်ဆေးထိုး ထားကြပြီး ၆၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပြည့်ထိုးထားသည်။ 


အိုမီခရွန်ကြောင့် ဥရောပတွင် ကူးစက်မှုအရေအတွက်မှာ  သိသိ သာသာ  မြင့်တက်လာသော်လည်း ကိုဗစ်ကြောင့် သေဆုံးမှုမှာ လျော့ကျ လျက်ရှိခြင်းကြောင့် နိုင်ငံအများစုတွင် ကျောင်းများဖွင့်ထားပြီး ခပ်ခွာခွာနေ စေသည့် စည်းမျဉ်းများတင်းကျပ်ကာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်စီမံခန့်ခွဲ လျက်ရှိသည်။ 


ဥရောပတစ်လွှား ရက်သတ္တပတ် များအတွင်း စံချိန်ချိုးသည့်အရေ အတွက်ထိ ကူးစက်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသည် လက်ရှိဥရောပတွင် နေ့စဉ် ကူးစက်ခံရသူအရေအတွက် အများဆုံးနိုင်ငံဖြစ်လာကာ ဆေးရုံ တက်နေရသူ ၂၀၀၀၀ ကျော်ရှိနေ ကြောင်း အတည်ပြုထုတ်ပြန်ထား သည်။                                  (Ref: AFP)






အခြားဆက်စပ်သတင်းများ