နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာကျော် Alibaba ကုမ္ပဏီ တရုတ်အစိုးရက ယွမ်ငါးသိန်း ဒဏ်ရိုက်

ပေကျင်း  ဇန်နဝါရီ    ၇


တရုတ်နိုင်ငံ၏ မူဝါဒဆိုင်ရာစည်း ကမ်းရေးဆွဲသူများသည် နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Alibaba ကုမ္ပဏီကို လက်ဝါးကြီးအုပ်မှုမရှိစေ ရေး ဥပဒေအောက်တွင် ယွမ်ငါးသိန်း ဒဏ်ရိုက်လိုက်သည်။


အစိုးရစျေးကွက် ထိန်းသိမ်း အုပ်ချူပ်ရေး (SAMR ) ၏ ထုတ်ပြန်ချက် အရ Alibaba ကုမ္ပဏီကို ဒဏ်ကြေးငွေ ယွမ်ငါးသိန်းပေးဆောင်ရန် ဒဏ်ရိုက် ဆောင်ရွက်မှုမှာ ကြီးမားသောကုမ္ပဏီ ကြီးတစ်ချို့၏ စျေးကွက်အတွင်း လက်ဝါးကြီးအုပ်နေမှုကို လျှော့ချ လိုသော ရည်ရွယ်ချက်ဖြစ် ကြောင်း တရုတ်အစိုးရက ထုတ်ပြန်သည်။ အထူးသဖြင့် အင်တာနက်ပေါ်တွင် စျေးကွက်အတွင်း အင်အားကြီးနေမှု အပေါ် အလွဲသုံးစားပြုနေသောကုမ္ပဏီ များအားလုံးကို  ထိန်းချုပ်တားမြစ် နိုင်ရန်ဖြစ်သည်။


အစိုးရတာဝန်ရှိသူများ၏ ပြော ကြားချက်အရ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာအတွင်း  Alibaba ကုမ္ပဏီ သည် ရင်းနှီးမြှုပ်နှံမှုပမာဏများကို တင်ပြရန် ပျက်ကွက်ခဲ့သောကြောင့် ယင်းအမှုတစ်ခုအတွက် ဒဏ်ငွေယွမ် ငါးသိန်းပေးဆောင်စေခဲ့ခြင်းဖြစ်သည်။

(Ref: Yahoo)






အခြားဆက်စပ်သတင်းများ