နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများ အောင်မြင်ရေး တရုတ် သမ္မတတိုက်တွန်း

ပေကျင်း  ဇန်နဝါရီ    ၇


ပေကျင်း ၂၀၂၂ အိုလံပစ်ပြိုင်ပွဲနှင့် ပါရာလံပစ် ဆောင်းရာသီပြိုင်ပွဲများ အတွက်ပြင်ဆင်မှုများ အောင်မြင်ရေး ကိုအားထုတ်ကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီ ၇ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။


ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်လှစ်ရန် ရက်ပိုင်းခန့်သာလိုသည့် အချိန်တွင် သမ္မတရှီက တရုတ်နိုင်ငံ သည် အလွန်ထူးခြားကောင်းမွန်သည့် အားကစားပွဲကို တင်ဆက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားပြီး ဘေးကင်းလုံခြုံ၍ ထူးခြားသည့် ကစားပွဲဖြစ်ရေးအတွက် ထပ်မံ အားထုတ်ရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ 


သမ္မတရှီအနေဖြင့် ဘဲဥပုံ အမျိုးသား စကိတ်ကွင်း၊ ပင်မမီဒီယာ ဌာန၊ အားကစားသမားများကျေးရွာ၊  အားကစားပွဲကွပ်ကဲရေးဌာန၊ ရေခဲနှင့် နှင်းအားကစားလေ့ကျင့်ရေးဌာနများ သို့ အပတ်စဉ်သွားရောက်စစ်ဆေးနေ သည်။


လက်ရှိတွင် ပြိုင်ပွဲစတင်ရန် ရက် ၂၀ ကျော်သာလိုတော့ပြီး ပေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၄ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ကာ ပါရာလံပစ်ဆောင်း ရာသီပွဲကို မတ်လ ၄ ရက်မှ ၁၃ ရက် အထိကျင်းပရန် စီစဉ်ထားသည်။                               

(ref: BBC)






အခြားဆက်စပ်သတင်းများ