နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ရန်ကုန်    ဇန်နဝါရီ    ၇


ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် ဆင်းရဲနွမ်းပါးသော ပြည်သူများထံ အခြေခံစားသောက်ကုန်များ ဝေငှလှူဒါန်းခြင်း အစီအစဉ်ကို တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်းက ထောက်ပံ့လှူဒါန်းလျက်ရှိရာ  အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်၊ မေရီချက်(ပ်)မင်းနားမကြားသောကလေးများ ကျောင်းနှင့် မျိုးဆက်သစ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတို့ရှိ လူဦးရေ ၁၄၀ အား ဆန်၊ ဆီနှင့်ပဲများကိုထောက်ပံ့လှူဒါန်းသည်။


လှူဒါန်းရာတွင် Bank of China(HongKong)လီမီတက် ရန်ကုန်ဘဏ်က အမေမေတ္တာသက်ကြွယ်ရိပ်မွန် အဘွား  ၂၀ ဦး၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း ကလေးငယ် ၆၀ ဦး၊ မျိုးဆက်သစ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာလူငယ် ၆၀ ဦး တို့အား တစ်ဦးလျှင် ဆန် ၁၀ ကီလိုဂရမ်၊ ဆီ ၁ လီတာနှင့် ပဲ ၁ ကီလို ဂရမ်တို့ကို ပေးအပ်လှူဒါန်းကာ မှတ်တမ်းဓာတ်ပုံရိုက်ကူးသည်။  


ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ဒလမြို့နယ်ရှိ အိမ်ထောင်စု ၁၀၀၀ နှင့် လှိုင်သာယာမြို့နယ်ရှိ အိမ်ထောင်စု ၁၀၀၀၊ စုစုပေါင်း အိမ်ထောင်စု ၂၀၀၀ တို့ကို ဆန်၊ ဆီနှင့်ပဲတို့ကိုလည်း အလားတူ ထောက်ပံ့လှူဒါန်း သည်။

အံ့ကြီးမောင်(ဒလ)






အခြားဆက်စပ်သတင်းများ