နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာလေလွင့်ခွေးဂေဟာသို့ လေလွင့်ခွေးများကို စနစ်တကျပို့ဆောင် ပြုစုစောင့်ရှောက်ပေးလျက်ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၇


ရန်ကုန်မြို့တော်ကို သန့်ရှင်း သာယာလှပရန် မြို့တော်နေ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ရန်၊ ခွေးရူးပြန်ရောဂါကာ ကွယ်တားဆီးရန်နှင့် ခွေးမစင် များကြောင့် ပတ်ဝန်းကျင်ညစ် ညမ်းမှုမရှိစေရန် ရည်ရွယ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လေလွင့် ခွေးများကို သုတ်သင်ရှင်းလင်း ခြင်းမပြုဘဲ ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ် ရေးဌာနက လှိုင်သာယာမြို့နယ် မွေးမြူရေးဇုန်တွင် တည်ထောင် ဖွင့်လှစ်ထားသည့် လေလွင့်ခွေး ထိန်းသိမ်းရေးဂေဟာသို့ စနစ် တကျပို့ဆောင်ပြီး ပြုစုစောင့် ရှောက်ပေးလျက်ရှိသည်။


''လေလွင့်ခွေးတွေကို  မေ့ဆေး ပေးပြီး  လှိုင်သာယာ လေလွင့် ခွေးထိန်းသိမ်းရေးဂေဟာကို ပို့ဆောင်ပေးပါတယ်။ မေ့ဆေး ပေးတဲ့အတွက်   ခွေးတွေက ခဏတော့   မေ့နေပြီး မေ့နေ တဲ့အချိန်မှာ ဂေဟာကို ရောက် အောင်ပို့ဆောင်ပေးပါတယ်၊ အရင်က ရန်ကုန်မြို့ရဲ့ လမ်း တွေက မြေသားလမ်းတွေဖြစ် တဲ့အတွက် ခွေးတွေရဲ့ မစင်တွေ ဟာ   မြေကြီးနဲ့ရောသွားပေမယ့် ယခုအခါ ကွန်ကရစ်လမ်းတွေ ဖြစ်လာတာကြောင့် ခွေးမစင် တွေဟာပတ်ဝန်းကျင်ကိုညစ် ညမ်းစေတယ်၊  ဒါ့ပြင် ဒီလေ လွင့်ခွေးတွေကြောင့်  အမှိုက် ကန်မှာ အမှိုက်တွေ ပြန့်ကျဲ နေပြီး     ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်၊  ဒါကြောင့် မြို့တော်နေ   ပြည်သူတွေရဲ့ ကျန်းမာရေး  မထိခိုက်စေ ဖို့အတွက်   လေလွင့်ခွေး ထိန်းသိမ်းရေးဂေဟာကို တည် ထောင်ထားတာဖြစ်တယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာအောင်မြတ်က ရှင်းပြ သည်။


အဆိုပါဂေဟာကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီက ၂၀၁၆  ခုနှစ်တွင် စတင်  ဖွင့်လှစ်ခဲ့သည်။  ခွေး အကောင်ရေ  ၄၀၀  ကျော်   စောင့်ရှောက်ထားနိုင်ပြီး ယခု လက်ရှိခွေး အကောင်ရေ ၁၆၀ ကျော်ကို  ပြုစုစောင့်ရှောက် ပေးထားသည်။ ခွေးတစ်ကောင် အတွက်ရိက္ခာအဖြစ် တစ်နေ့ လျှင် ၂၅၀ ကျပ်နှုန်း ကျွေးမွေးပြီး မြို့တော်စည်ပင်သားသတ်ရုံများကအသုံးမပြုသော အရိုးအသားများကိုပေါင်အိုးဖြင့်ပေါင်းကာထမင်းနှင့်ရောပြီး နေ့စဉ်ကျွေး  မွေးစောင့်ရှောက်ထားသည်။


ထို့ပြင်လေလွင့်ခွေးများ၏ကျန်းမာရေးအတွက်တိရစ္ဆာန် ဆေးကုနှင့် ထုတ်လုပ်ရေးဌာနမှ ဆရာဝန်တစ်ဦးနှင့် ဝန်ထမ်း ၁၀ ဦးတို့က   နေ့စဉ်ပြုစုစောင့် ရှောက်ပေးလျက်ရှိသည်။ လေလွင့်ခွေးထိန်းသိမ်းရေးဂေဟာတွင်   ကုသိုလ်ပြုလှူဒါန်းလို သူများအနေဖြင့်ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ် ရေးဌာနသို့ကြိုတင်ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။                     နန္ဒာဆွေ(မြို့တော်)






အခြားဆက်စပ်သတင်းများ