နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မီးဘေးအန္တရာယ် ကြိုတင်သတိပြု ကာကွယ်

နှစ်စဉ် မီးလောင်မှုများကြောင့် မလိုလားအပ်သော အသက် အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမှုလျော့နည်းပြီး တဖြည်းဖြည်း ပပျောက်သွားရန် လူတိုင်း မီးကို ဂရုပြုသုံးစွဲသင့်သည်။


မြန်မာနိုင်ငံ မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့် လောင်ကျွမ်း သော မီးလောင်မှုမှာ အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ သုံးသပ်ချက်အရ သိရသည်။ 


မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးရန်၊ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန်၊ မီးစတင်လောင်ကျွမ်းချိန်တွင် ချက်ချင်း ငြှိမ်းသတ်နိုင်ရန်၊ အိမ်တိုင်း၊ အဆောက်အအုံတိုင်း ယာဉ်တိုင်းတွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူးများ ဆောင်ထား၍ အလျှင်အမြန် မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဦးစီးဌာနက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးထားသည်။


ယခုအခါ ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများ ပေါများလာသည်။ အထပ်မြင့်အဆောက်အအုံများတွင် အလင်း ရောင်နှင့် လေဝင်လေထွက်ကောင်းမွန်စေရန် စီမံဆောင်ရွက် ထားသင့်သည်။ 


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ အထပ်မြင့် လူနေတိုက်ခန်းတစ်ခုတွင် ဇန်နဝါရီ ၉ ရက်က မီးလောင်မှုဖြစ်ပွား ရာ ကလေး ကိုးဦး အပါအဝင် လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကို အချိန်နှင့် တစ်ပြေးညီ ထိန်းချုပ်နိုင်ခဲ့သည့် နယူးယောက် မီးသတ်ဦးစီးဌာန၊ မီးသတ် တပ်ဖွဲ့ဝင်များကို ချီးကျူးကြပြီး အသက်အန္တရာယ်ရှိသော လူ ၃၂ ဦးကို ဆေးရုံသို့ အချိန်မီပို့ဆောင်ထားကြောင်း သတင်းများတွင် တွေ့ရသည်။


မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူများ ဂရုပြုလာရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ကာ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည် ပြည်သူလူထုအပေါ် ကျရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ အရေးပေါ်ကူညီကယ်ဆယ် ခြင်းလုပ်ငန်း ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပြီး၊ ဘေး အန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ လျှင်မြန်စွာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် စဉ်ဆက်မပြတ် လေ့ကျင့် ဆောင်ရွက်လျက်ရှိသည်။


မီးဘေးကြိုတင်ကာကွယ်ရေးတွင် အဓိကကျသည့် မီး သုံးစွဲလျှင် အမြဲသတိရှိပြီး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး သတိပြု လိုက်နာရမည့်ကျင့်ဝတ်များကို စောင့်ထိန်းရန်လိုအပ်သည်။ လိုက်နာမှုအားနည်းခြင်းကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများ လျော့နည်းသွားစေရန် မီးသုံးစွဲသူအားလုံးက ကြိုတင်ကာကွယ် ဆောင်ရွက်ကြစေချင်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ