နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအမှုဆောင် အစည်းအဝေး ကျင်းပ ဒုတိယဥက္ကဋ္ဌ မစန္ဒာ(တစ်သက်တာစာပေဆုရှင်)အား ဂုဏ်ပြု

ရန်ကုန်၊ ဇန်နဝါရီ ၈


မြန်မာနိုင်ငံစာရေးဆရာ အသင်း ဗဟိုအမှုဆောင်ကော်မ တီ အစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့၊ပန်းဆိုးတန်းလမ်းရှိ ဗဟိုကော်မတီရုံးခန်းမတွင် ကျင်းပရာ အသင်းဥက္ကဋ္ဌ သိပ္ပ ကျော်စွာ ဦးကျော်ဝင်း(မနုဿ ကျော် ဝင်း)နှင့် ဗဟိုအမှုဆောင် များ တက်ရောက်ကြသည်။


ရှေးဦးစွာ သဘာပတိအသင်း ဥက္ကဋ္ဌ သိပ္ပကျော်စွာ ဦးကျော်ဝင်း (မနုဿ ကျော်ဝင်း)က အဖွင့် အမှာစကားပြောကြားပြီး ယခု နှစ်အတွက် တစ်သက်တာစာပေ ဆုရှင် အသင်းဒုတိယ ဥက္ကဋ္ဌ ဒေါ်ချိုချိုတင်(ဆရာမ မစန္ဒာ) အား ဗဟိုအမှုဆောင်ကော်မတီ က ဂုဏ်ပြုငွေ ချီးမြှင့်သည်။


ဆက်လက်၍  အသင်း အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) က မြန်မာနိုင်ငံစာရေးဆရာ အသင်း တတိယအကြိမ် ညီလာခံ ကျင်းပရေးအတွက် ကြိုတင်  ပြင်ဆင်ထားရှိမှုများ အပါအဝင် စည်းရုံးရေး၊ ဘဏ္ဍာရေးအခြေ အနေများကို ရှင်းလင်းတင်ပြ ကာ ဗဟိုအမှုဆောင်များ ဆွေး နွေးဆုံးဖြတ်ကြသည်။ (CN-004)






အခြားဆက်စပ်သတင်းများ