နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခွန်စည်းကြပ်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရန် မြို့တော်စည်ပင် ရာပြတ်ဌာန ရုံးခွဲများ၊ ခရိုင်ရုံးများ၌ ပူးတွဲ ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီ ၈


 ပြည်တွင်း၊ ပြည်ပစီးပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ အား အခွန်စည်းကြပ်လုပ်ငန်း အခက်အခဲမရှိ ပွင့်လင်းမြင်သာ ပိုမိုလွယ်ကူလျင်မြန်စေရန် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ရာပြတ်ဌာန၏ ဌာနခွဲများကို ခရိုင်အလိုက် ဆက် လက်ဖွင့်လှစ်သွားနိုင်ရန် သက် ဆိုင်ရာ ဌာနက အမြန်စီစဉ်လျက် ရှိသည်။


မြို့တော်စည်ပင်ဌာနများ အနက် အရေးပါသော ဌာနတစ် ခုဖြစ်သည့် ရာပြတ်ဌာနသည် ပြည်တွင်းပြည်ပ စီးပွားရေးလုပ် ငန်းရှင်အများစုနှင့် ထိတွေ့ဆက် ဆံနေရသော ဌာနတစ်ခုလည်း ဖြစ်သည်။ ခေတ်စနစ်ပြောင်းလဲ မှုနှင့်အတူ စီးပွားရေးလုပ်ငန်း  များ လည်ပတ်မှု အရှိန်အဟုန် မပြတ်စေရန် ယခုကဲ့သို့ ခရိုင်ရုံး များ၌ ပူးတွဲဖွင့်လှစ်ပေးရခြင်း ဖြစ်သည်။      ာပြတ်ဌာနသည် ပုဂ္ဂလိက ပိုင် မြေနှင့် အဆောက်အအုံများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အစိုးရဌာနဆိုင်ရာနှင့် အဖွဲ့  အစည်းများထံမှ ပစ္စည်းခွန်များ စည်းကြပ်ကောက်ခံခြင်း၊ ပစ္စည်း ခွန်များ စည်းကြပ်ရန်အတွက် ကွင်းဆင်းစစ်ဆေး၍ လိုအပ် သော အချက်အလက်အထောက် အထားများကို လုပ်ငန်းရှင်များ ထံက  တောင်းခံရယူခြင်း၊ စည်း ကြပ်ရန် တွက်ချက်အတည်ပြု ပြီးသော ပစ္စည်းခွန်များကို အခွန် ထမ်းပြည်သူတို့ အခွန်အခများ ပေးဆောင်ရန် ပွင့်လင်းမြင်သာ စွာဖြင့် စနစ်တကျ အကြောင်း ကြားခြင်း၊ ပစ္စည်းခွန်ပေးသွင်းမှု နှင့်ပတ်သက်၍ အခွန်ထမ်းပြည် သူများ၏ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စလိုအပ်ချက်များကို ပူးပေါင်း ပါဝင် ကူညီဝန်ဆောင်မှု‌ပေးခြင်း တို့ကို  ဆောင်ရွက်ပေးလျက် ရှိသည်။


ထို့ပြင် ပစ္စည်းခွန်အသစ် စည်းကြပ်ရန်နှင့် ပြင်ဆင်ပယ် ဖျက်နိုင်ရန် လိုအပ်သည့် မြေနှင့် အဆောက်အအုံများအခန်းများ ကို ကွင်းဆင်းစစ်ဆေးခြင်း၊ ပစ္စည်းခွန်များပေးဆောင်ရန် ကျန်ရှိသော အခွန်ထမ်းပြည်သူ များအား ဆက်သွယ်အကြောင်း ကြားခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ အသိပညာပေးခြင်း၊ ပစ္စည်းခွန်  ငွေပေးဆောင်စေခြင်း၊ အခွန် ထမ်းအမည်ပြောင်းလဲပေးခြင်း နှင့် အဆောက်အအုံများကို တိကျသော လိပ်စာ နံပါတ်သတ် မှတ်ပေးခြင်းတို့ကို အဆင်ပြေ စွာ ဝန်ဆောင်မှုပေးလျက်ရှိသည့် ပြင် အခွန်ထမ်းစီးပွားရေးလုပ် ငန်းရှင်နှင့် ကြီးကြပ်တာဝန်ယူ ရသူ ဝန်ထမ်းတို့အကြား မသမာ မှုကိစ္စများ လျော့နည်းပျောက် ကွယ်စေရန်တို့ကို မျှော်မှန်းကာ ယခုကဲ့သို့ ရာပြတ်ဌာနခွဲများကို ခရိုင်စည်ပင်သာယာ အုပ်ချုပ် ရေးမှူးရုံးများ၌ တွဲဖက်၍ အမြန် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သက်ဆိုင်ရာဌာနက သိရသည်။

     

    သတင်း-ဓာတ်ပုံ စောသိန်းဝင်း






အခြားဆက်စပ်သတင်းများ