နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်ဦးအောင်နိုင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

ရန်ကုန်၊ ဇန်နဝါရီ ၈


လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ  အစည်းအဝေး ခန်းမ ၄ ၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်  ဦးအောင်နိုင်၊ ဌာန များက အရာထမ်း၊အမှုထမ်းများ တက်ရောက်ဆွေးနွေးကြသည်။


ရှေးဦးစွာ ကော်မတီဝင်က “ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အညီ လုပ်ငန်း များဆောင်ရွက်ကြရန်၊ ကျန်းမာ မှ အလုပ်လုပ်နိုင်မည်၊ သတိ တမန် ဉာဏ်မြေကတုတ် ပညာ စွမ်း ချွန်းနဲ့အုပ်၊ ဘေးအန္တရာယ် ကင်းရှင်းမှ လုပ်ငန်းပြီးမြောက် မည်” စသည့်  ခေါင်းစဉ်များ ဖြင့်   ဆွေးနွေးပြောကြားပြီး၊ တက်ရောက်လာသူများက လက် တွေ့လုပ်ငန်းဆောင်ရွက်နေမှု များနှင့်    ပတ်သက်၍ ရှင်း လင်းပြောကြားကာ အစည်း     အဝေးတက်ရောက်သူများ၏ ဆွေးနွေးချက်နှင့်ပတ်သက်၍ ကော်မတီဝင်က   ရှင်းလင်း ဆွေးနွေး မှာကြားသည်။


ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီသည် ရန်ကုန် မြို့ပြဖွံ့ဖြိုးရေးအတွက်  အိမ် ရာနှင့်  အဆောက်အဦများ ဆောက်လုပ်ရေး၊ ရေပေးဝေရေး အတွက် စက်ရုံများ၊ ကန်များ၊ ဆည်များ တည်ဆောက်ရေး၊ လမ်းများ ဖောက်လုပ်ပြုပြင်ရေး၊ တံတားများ တည်ဆောက် ပြုပြင် ထိန်းသိမ်းရေး၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ချောင်း၊ မြောင်းများ တည်ဆောက်ပြုပြင် ထိန်းသိမ်းရေးနှင့် ဆယ်ယူရှင်း လင်းရေးအပြင် ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းများအတွက် နေ့စဉ်မြေပြင်   ကွင်းဆင်း ဆောင်ရွက်ရသည့် လုပ်ငန်းများ ကို ဆောင်ရွက်နေကြရသဖြင့် ဝန်ထမ်းများ    လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးအတွက် အပတ်စဉ် ပညာပေးဆွေးနွေး မှုများ ပြုလုပ်လျက်ရှိရာယနေ့ ကျင်းပသည့်  အလုပ်ရုံ ဆွေးနွေး ပွဲသို့ ဌာနများနှင့်မြို့နယ်စည် ပင်သာ အုပ်ချုပ်ရေးမှူးရုံးများက အရာထမ်း၊  အမှုထမ်း ၆၀ ဦး တက်ရောက်ကြသည်။

သတင်း-မိုးမြင့်မောင်၊ ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ