နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းချီဆရာ ဌေးဝဏ္ဏရှိန် ရေဆေးပန်းချီကား ၂၇ ကားပြသ

ရန်ကုန် ဇန်နဝါရီ ၈


ပန်းချီဆရာ ဌေးဝဏ္ဏရှိန်၏ တစ်ကိုယ်တော် ပန်းချီပြပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အမှတ် ၂၀၉၊ ပထမထပ်၊ ၃၇ လမ်း၊ အထက်ဘလောက်ရှိ Hope Art Space တွင် ဖွင့်လှစ်သည်။

ပန်းချီပြပွဲတွင် ၎င်း၏ ရေဆေးပန်းချီကား၂၇ ကားကို ငါးရက်ကြာ ချိတ်ဆွဲပြသမည်ဖြစ်ရာ ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြသသွားမည်ဖြစ်သည်။


Hope Art Space ပြခန်းတွင် သီချင်းနား ထောင်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အင်တာနက် သုံးစွဲခြင်း နှင့် ကော်ဖီသောက်သုံးကာ အပန်းဖြေနိုင်ကြောင်း  သိရသည်။                              AMH (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ