နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ အုပ်စု ၄ ပထမပွဲစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ တိုက်ရိုက်ယှဉ်ပြိုင်

ရန်ကုန်၊ ဇန်နဝါရီ ၈

 

စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တူယှဉ် နွှဲပျော် ဂီတပွဲတော် သီချင်းဆို ပြိုင်ပွဲ အုပ်စု ၄ ပထမပွဲစဉ်ကို  ယမန်နေ့ ညက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက တိုက်ရိုက် (Live)ရိုက်ကူး ထုတ်လွှင့်ကျင်းပ သည်။ 


အဆိုပါပွဲစဉ် ၌ တိုင်းရင်းသား ပြိုင်ပွဲဝင်များဖြစ်ကြသည့် ရန် ကုန်တိုင်းဒေသကြီးမှ ဝင်းမိုး အောင်၊ စစ်ကိုင်းတိုင်းဒေသကြီး က  ခင်သက်တင်၊ ကယားပြည် နယ်က အိမ့်သရဖူ၊ မန္တလေးတိုင်း ဒေသကြီးက ဝေဝေဖြိုး၊ချင်းပြည် နယ်က ရေဗက္ကာ၊ ကချင်ပြည် နယ်က အဂျုံး၊ နေပြည်တော်က စိုင်းလင်း၊ မကွေးတိုင်းဒေသကြီး က အေးမြသီတာနှင့် ကရင် ပြည်နယ်က   စောရဲရဲတို့ ယှဉ်ပြိုင်သီဆိုကြပြီး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားခေတ် ပေါ် တေးဂီတအဖွဲ့က တီးခတ် ပေးကာ  ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီ ၉ ရက် (တနင်္ဂနွေနေ့)၊ နံနက် ၁၀ နာရီခွဲတွင် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်သည်။


တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲတွင် နေပြည် တော်နှင့် ပြည်နယ်နှင့် တိုင်း ဒေသကြီးတို့က တိုင်းရင်းသား ညီအစ်ကို မောင်နှမ သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့ အဖွဲ့ ငါးဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲ ကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင် လည်းကောင်း၊နောက်ဆုံး ပွဲစဉ်သုံးပွဲကို  ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာ စင်တာတွင် လည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက်မှစ၍ အပတ်စဉ် သောကြာနေ့ညများတွင် တိုက် ရိုက်(Live)ရိုက်ကူးထုတ်လွှင့် ပြသခဲ့ရာ ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီ ၆ ရက်မှ ၁၁ ရက်အထိ အပတ်စဉ် သောကြာနေ့ ညတိုင်း သီဆို ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

           

         အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ