နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တွင်းရှုပ်ထွေးနေသောဆက်သွယ်ရေးကြိုးများ လျှပ်စစ်ကြိုးများ သွယ်တန်းမှုစနစ်တကျဖြစ်စေရေးညှိနှိုင်းစည်းဝေး

ရန်ကုန် ဇန်နဝါရီ ၈


ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ၊ လျှပ် စစ်ကြိုးများ သွယ်တန်းမှုစနစ် တကျ ဖြစ်စေရေးညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်း က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးကရန်ကုန် မြို့တော်ကြီး သန့်ရှင်းသပ်ရပ် စေရေးအတွက် ရှုပ်ထွေးနေ သော ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်ကြိုးများ သွယ်တန်းမှု စနစ်တကျဖြစ်စေရေး ဆောင် ရွက်နိုင်ရန်နှင့် မီးတိုင်၊ ဖုန်း တိုင်များ သတ်မှတ်နေရာသို့ စနစ်တကျ ရွှေ့ပြောင်းနိုင်ရေးကို တက်ရောက်လာသောဌာနဆိုင် ရာ တာဝန်ရှိသူများကဝိုင်းဝန်း ဆွေးနွေးပေးကြရန် ပြောကြား သည်။


ထို့နောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက ရန်ကုန်မြို့ တော်ကြီး သန့်ရှင်းသာယာလှပ ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရာတွင် လိုအပ်သည်များကိုကူညီပံ့ပိုးပေးဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို တင်ပြဆွေးနွေး ပေးကြရန်ပြောကြားသည်။ 


ယင်းနောက် ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ဌာနမှူး ဦးလင်းခိုင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း ရှုပ်ထွေး၍စည်းကမ်း လိုက်နာမှုမရှိသော ဖိုင်ဘာကြိုး နှင့် တိုင်များကို စနစ်တကျ ရှိစေရေးအတွက် ကုမ္ပဏီ ၂၂ ခုနှင့်အတူမြေပြင်တွင် ကွင်း ဆင်းဆောင်ရွက်နေမှု၊ ပင်မ Fiber ကြိုးများသွယ်တန်း ခြင်း၊ Smart Pole တိုင်များ၊ Mono Pole တိုင်များစိုက်ထူ ခြင်း၊ Last Mile သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေး ကော်ပိုရေးရှင်းအမှုဆောင် အရာရှိချုပ် ဦးကျော်သူက လျှပ် စစ်ဓာတ်အားပေးရေးတိုင်များ ပေါ်တွင် တရားမဝင် ကြိုးများ ဖယ်ရှားရှင်းလင်းမှု၊ စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများ၏ ဖိုင်ဘာကေဘယ်လ်နှင့် ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာ (WiFi)များ ချိတ်ဆွဲခွင့်ပြုထားမှု၊ ယိုင် နေသော တိုင်များပြုပြင်မှု၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယ အင်ဂျင်နီယာချုပ် ဦးသန်းလှိုင်က  ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီနယ်နမိတ် ၃၃ မြို့ နယ်အတွင်းရှိ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်း တိုင်များပေါ်တွင် ရှုပ်ထွေးနေသောဆက်သွယ်ရေးကြိုးများသွယ်တန်းမှု စနစ်တကျဖြစ် စေရေးနှင့် တရားမဝင်သွယ် တန်းထားသော ကေဘယ်လ် များဖြုတ် သိမ်းခြင်းလုပ်ငန်း ဆိုင်ရာ ဆောင်ရွက်ချက်များ၊ လမ်းနှင့် မလွတ်ကင်းသော တယ်လီဖုန်းတိုင်များပြောင်း ရွေ့ခြင်းလုပ်ငန်း၊ ဆက်သွယ် ရေး ကြိုးများသွယ်တန်းမှု စနစ် တကျဖြစ်စေရေး အိတ်ချိန်း ဧရိယာအလိုက် ဆောင်ရွက်နေမှုများကိုလုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးများ နှင့် တက်ရောက်လာသူများက ရှုပ်ထွေးနေသော ဆက်သွယ် ရေးကြိုးများ၊ လျှပ်စစ်ကြိုးများ သွယ်တန်းမှု စနစ်တကျဖြစ်စေ ရေး အကြံပြု ဝိုင်းဝန်းဆွေးနွေး ကြသည်။


ယင်းနောက် ဝန်ကြီးချုပ်က အနာဂတ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်သွယ် ရေးကြိုးနှင့် လျှပ်စစ်ကြိုးများ ရှုပ်ထွေးမှုမရှိစေရေး Under- ground စနစ်ဖြင့် လမ်းတိုး ချဲ့ပြီးသော်လည်း လမ်းနှင့် မလွတ်ကင်းသည့် တယ်လီဖုန်း တိုင်များအား လမ်းနှင့်လွတ် ကင်းရာသို့ ပြောင်းရွေ့ပေးရန် မီးတိုင်ရွှေ့ပြောင်းရာတွင် အမှန် တကယ်လိုအပ်သည့် ဘဏ္ဍာ ငွေကိုသာ စိစစ်တောင်းခံခွင့်ပြု ချထားပေးရန်၊ ရွှေ့ပြောင်းရာ တွင် ဆယ်တင်ရရှိသည့် မီးတိုင်း များ၏ ကြံ့ခိုင်မှုကို စစ်ဆေးပြီး ကျေးလက်မီးလင်းရေးလုပ်ငန်း များတွင် အကျိုးရှိစွာအသုံးပြု သွားရန်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ကိုလည်း သက်ဆိုင်ရာဌာနများ က သတ်မှတ်စည်းကမ်းလိုက်နာ စေရေး ကြီးကြပ်ဆောင်ရွက်ရန် တို့ကို ဆွေးနွေးမှာကြားပြီး ဖြည့် ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။   

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ