နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေတိဂုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး ပြုပြင်မွမ်းမံမှုနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးများ ကြည့်ရှုအားပေး

ရန်ကုန် ဇန်နဝါရီ ၈


ရွှေတိဂုံစေတီတော်မြတ် ကြီး ရေရှည်တည်တံ့ခိုင်မြဲစေ ရေးထိန်းသိမ်းဆောင်ရွက်နေမှု လုပ်ငန်းများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးလှစိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန် ကြီးများသည် စေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးပြီး၊ စေတီတော် ရင်ပြင်ပေါ်တွင် တိုင်းဒေသကြီးအတွင်းရှိဌာန ဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်သူများ နှင့် ရွှေတိဂုံစေတီတော်ဝန်ထမ်း များက ကုသိုလ်ယူ စုပေါင်း သန့်ရှင်းရေး ပြုလုပ်နေမှုများကို ကြည့်ရှုအားပေးကြသည်။


တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးများသည် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေး ထိန်းသိမ်းဆောင်ရွက်နေသည့် လုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး၊ လုပ်ငန်း လိုအပ်ချက်များကို စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။


ထို့နောက်စေတီတော်ရင်ပြင် ပေါ်ရှိသာသနိက အဆောက် အဦများ၊ ဇရပ်၊ တန်ဆောင်းများ နှင့်ရင်ပြင်တော် သန့်ရှင်းရေးဆောင်ရွက်နေကြသည့်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်တိုင်းဒေသကြီးအတွင်းရှိဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီက ဝန်ထမ်းများ၊ တိုင်းဒေသကြီး မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပြည်သူများ၊ စေတီတော် ဝန်ထမ်းများနှင့် တောင်ဘက်မုခ် ဆောင်းတန်း လှေကား၊ မင်္ဂလာကန်တော်အတွင်း ကုန်းစောင်းများ၊ မင်္ဂလာကန်တော်အတွင်းရေမြောင်းများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင် နီယာဌာန (ရေစီးရေလာစီမံ ခန့်ခွဲမှု)၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ မြို့ပြ ပတ် ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့် ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာန တို့မှ ဝန်ထမ်းများအပါအဝင် အင်အား ၉၀၀ ကျော်ဖြင့် ဘုရားဖူးများစိတ်ချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေး သန့် ရှင်းရေး ဆောင်ရွက်နေမှုများ ကိုလှည့်လည် ကြည့်ရှုအားပေး ကြသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ