နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးအသိတစ်ခုဖြင့် သတိပြုဆင်ခြင်

လူတို့နေ့စဉ်သွားလာ၊ စားသောက်လုပ်ကိုင်မှုတွင် မည်သို့ သွားလာရမည်၊  နေထိုင်ရမည်၊  လုပ်ကိုင်ရမည်ဆိုသည်ကို အသိတရားဖြင့် ဆင်ခြင်ထိန်းသိမ်းစောင့်စည်းကြရသည်။


လူ့ကျန်းမာရေးတွင် ကံ၊ စိတ်၊ ဥတု၊ အာဟာရသည် ကျန်းမာ ရေးအတွက် များစွာအရေးကြီးသည်။ အသက်ရှင်နေထိုင်နိုင်ရေး အတွက် အာဟာရကို နေ့စဉ်လူတိုင်းမှီဝဲနေရသည်။ သို့သော် ငွေကြေးမပြည့်စုံသည့်အခါ အပြည့်အဝ မှီဝဲနိုင်ကြမည် မဟုတ်ပေ။ 


ယနေ့အချိန်အခါသည် စား၊ ဝတ်၊ နေရေးအတွက် လူတိုင်း မိမိအလုပ်ကို အချိန်အကန့်အသတ်မရှိ အားသွန်ခွန်စိုက်လုပ်ကိုင် နေကြသည်။ ယခင်နှင့်မတူ ပိုမိုကြိုးစား ဆောင်ရွက်နေကြရသည်။ အလုပ်ကို မနားမနေ ကြိုးပမ်းဆောင်ရွက်သည်နှင့်အမျှ ကျန်းမာ ရေးကို ဂရုစိုက်ကြရမည်မှာ အမှန်ဖြစ်သည်။ ကျန်းမာမှသာ မိမိ အလုပ်ကို ရှည်ကြာစွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။


ယနေ့ခေတ် ဆက်သွယ်ရေးနည်းပညာများ    လျှင်မြန်မြင့်မားစွာ တိုးတက်မှုသည်ကား အံ့မခန်းပင်၊ လူ့ဘောင်ဝန်းကျင်နယ်ပယ် တွင် လည်းကောင်း၊ တစ်မြို့နှင့် တစ်မြို့၊ တစ်ဦးနှင့် တစ်ဦး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကမ္ဘာတစ်ဝန်း ကူးလူးယှက်နွှယ်မှု အလွန် မြန်ဆန်သည်။


ဆက်သွယ်ရေးနည်းပညာတိုးတက်မှုနှင့်အတူ အင်တာနက်၊ ရုပ်မြင်သံကြား၊ မီဒီယာများမှ အတတ်ပညာ၊ အသိပညာနှင့် ယဉ်ကျေးမှုများလည်း နိုင်ငံတွင်းသို့ ထိုးဖောက်ဝင်ရောက်လာနေ သည်။ အသိပညာ၊ အတတ်ပညာများကို အိုင်တီနည်းပညာအရ အလွယ်တကူလေ့လာသင်ကြားခွင့် ရရှိလာကြသည်။ ထိုမှ တစ်ဆင့် ကျန်းမာစွာနေထိုင်နည်းကိုလည်း သင်ယူကြရန် လိုအပ်သည်။ 


မိမိအလုပ်ကို သင့်တင့်မျှတစွာ အနားမယူဘဲ အချိန်ကြာရှည် စွာ ထိုင်၍ လုပ်ကိုင်ကြသောသူများသည် လူ့သက်တမ်းတိုကြ သည်ဟု ကျန်းမာရေးစစ်တမ်းများက ဖော်ပြကြသည်။ လူသည် ၂၄ နာရီအတွင်း အလုပ်လုပ်ချိန်၊ နားချိန်၊ အိပ်ချိန်၊ အပန်းဖြေချိန် ဟူ၍ သူ့အချိန်နှင့်သူ ရှိသင့်သည်။ လူ့ခန္ဓာကိုယ်သည် အချိန် အတိုင်းအတာဖြင့် ခွဲခြားလုပ်ကိုင်နိုင်ပါမှ စွမ်းအားပြည့် အလုပ် လုပ်နိုင်မည်ဖြစ်သည်။


တစ်ခါတစ်ရံ မှားမှန်းမသိ မှားနေကြသည့် အပြုအမူ များ၊ အလျှင်စလို လုပ်တတ်သောအကျင့်များ ကျန်းမာရေးနှင့် ပတ်သက်လျှင် ငယ်ရွယ်သူများအဖို့ ခံနိုင်ရည်ရှိကြသော်လည်း အသက်အရွယ်ကြီးရင့်သူများ သတိထားဆင်ခြင် နေထိုင်သွားကြ ရန် လိုအပ်သည်။


မိမိတို့ လုပ်ဆောင်ဖွယ်ရာများကို ကြာရှည်လုပ်ကိုင်နိုင်ရေး အတွက် အလုပ်လုပ်မှု နာရီအနည်းငယ်ကြာတိုင်း အနေအထိုင် ပြောင်းလဲ လုပ်ကိုင်ကြရန်၊ ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပုံမှန် ပြုလုပ်ကြရန်နှင့် မိမိအလုပ်နှင့် သင့်လျော်မည့် လုပ်ကိုင်မှုပုံစံများ ပြောင်းလဲလုပ်ကိုင် ဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပေသည်။






အခြားဆက်စပ်သတင်းများ