နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့ပြတည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးမြောက်ရေး ဆောင်ရွက်ရန် ယန္တရားမောင်း အထူးမွမ်းမံသင်တန်းသားများကို ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးမှာကြား

ရန်ကုန် ဇန်နဝါရီ ၁၀


ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော် ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များ လိုက်ပါလျက် ယနေ့နံနက် ပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ယာဉ်ယန္တရားစီမံခန့်ခွဲ ရေးနှင့် ထိန်းသိမ်းရေးဌာန ယန္တရားမောင်း အထူးမွမ်းမံ သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲသို့ တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်ခန်းမ တည်ဆောက် နေမှု၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး သန့်ရှင်း သာယာသပ်ရပ်ရေးနှင့် စံပြ ရပ်ကွက် ထားရှိနိုင်ရေး ကြည့်ရှု စစ်ဆေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၈ နာရီတွင် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ၊ ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေး ဌာန ယန္တရားမောင်း အထူးမွမ်းမံ သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မြို့တော်ဝန်က အဖွင့်အမှာစကား ပြောကြားရာ တွင် "ရန်ကုန်မြို့ လူဦးရေသည် ခုနစ်သန်းအထက်ရှိပြီး နိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည်နှင့် အညီ အလုပ်အကိုင် အခွင့် အလမ်းများပြားကာ လူနေ ထူထပ်သည့် မြို့တော်ဖြစ် ကြောင်း၊ မြို့တော်အတွင်း မြို့သစ် ဧရိယာ တိုးချဲ့ခြင်း၊ အစိုးရစီမံ ကိန်းများဖြစ်သည့်အိုးအိမ်တိုက်တာ အဆောက်အဦ များ ဆောက်လုပ်ခြင်း၊ ရေရရှိရေး နှင့် ရေပေးဝေရေး စီမံကိန်းများ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်း အသစ်များအပြင် မြို့ပြဖွံ့ဖြိုးမှု အင်္ဂါရပ်နှင့် ညီညွတ်ရမည့် လမ်း တံတားလုပ်ငန်းများ၊ ရေစီးရေ လာ ကောင်းမွန်ရေး လုပ်ငန်း များ၊ ရေရရှိရေးနှင့် ရေပေးဝေ ရေးလုပ်ငန်းများ၊ မြို့ပြပတ်ဝန်း ကျင် ထိန်းသိမ်းရေးလုပ်ငန်း အဟောင်းများကိုလည်း ပြုပြင် မွမ်းမံခြင်း၊ တိုးချဲ့ဆောင်ရွက် ခြင်းတို့ကို နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ရေတိုလုပ်ငန်း ဆောင်တာ အများအပြားကို ဆောင်ရွက်ရန်အတွက် လူအင် အားနှင့် ဆောင်ရွက်ရန် မလုံ လောက်ခြင်းကြောင့် ဘဏ္ဍာရေး နှစ်အလိုက် ဘဏ္ဍာငွေပေါ် မူတည်၍ လိုအပ်သော စက် ယန္တရားမျိုးစုံကို ဝယ်ယူဖြည့် တင်းနေကြောင်း၊ စက်ယန္တရား များကို နိုင်ငံခြားငွေဖြင့် ဝယ်ယူ ရပြီး တန်ဖိုးကြီးမားသောကြောင့် မိမိကိုယ်ပိုင်ပစ္စည်းကဲ့သို့ စက် ယန္တရားများကို တန်ဖိုးထား ကိုင်တွယ် ထိန်းသိမ်းမောင်းနှင် ကြရန်လိုအပ်ကြောင်း၊ သင်တန်း တက်ရောက်ကြသော ဝန်ထမ်း များသည် လက်တွေ့လုပ်ငန်း တွင် ကွင်းဆင်းဆောင်ရွက်နေ ကြသော ဝန်ထမ်းများဖြစ်ပြီး၊ လက်ရှိ ကိုင်တွယ်မောင်းနှင်နေ သည့် စက်ယန္တရားများကို စနစ် တကျ နားလည်တတ်ကျွမ်းပြီး ထပ်မံဝယ်ယူမည့် စက်ယန္တရား အသစ်များကိုလည်း ခေတ်မီ နည်းပညာအသစ်များ ကိုင်တွယ် ထိန်းသိမ်းမှု ပညာများကို စနစ် တကျ နားလည်တတ်ကျွမ်းရန် လိုအပ်ကြောင်း၊ ယခုသင်တန်း တွင် သင်တန်းသားများအနေ ဖြင့် ယန္တရား ကိုင်တွယ်ထိန်း သိမ်းမှုကို စာတွေ့ လက်တွေ့ သင်ကြား ပို့ချပေးမည်ဖြစ်၍ အထူး အလေးနက်ထားကာ လေ့လာသင်ကြား မှတ်သားပြီး ဆွေးနွေးဖလှယ်ကြရန်လိုကြောင်း၊ ကော်မတီအနေဖြင့် စက်ယန္တရား ကုမ္ပဏီများက ကျွမ်းကျင်သူ နည်းပြဆရာများ၏ အကူ အညီရယူ၍ စက်ယန္တရားများ ချို့ယွင်းပျက်စီးမှု နည်းပါးစေ ရန်၊ လုပ်ငန်းတွင်ကျယ် မြန်ဆန် စေရန်၊ ကော်မတီ၏ မြို့ပြတည် ဆောက်ရေးလုပ်ငန်းများ အချိန် မီ ပြီးမြောက်စေရန်တို့အတွက် ရည်ရွယ်ကာ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်၍ သင်ကြား ပေးသည့် ပညာရပ်များကို အပြည့်အဝ လေ့လာမှတ်သား ကြရန် လိုအပ်ကြောင်း ပြော ကြားပြီး သင်တန်းတွင်အသုံးပြု မည့် သင်တန်းသုံး စက်ယန္တရား များကို ကြည့်ရှုစစ်ဆေးသည်။


ယခုသင်တန်းသို့ ကော်မတီ အတွင်းရှိ ယန္တရားများအသုံးပြု နေကြသည့် ဌာန ခြောက်ခုမှ ဝန်ထမ်း သင်တန်းသား ၃၆ ဦး တက်ရောက်ကြပြီး သင်တန်း ကာလ တစ်ပတ်ကြာ ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၈ နာရီခွဲ တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ၉၂ ရပ်ကွက်၊ ပဲခူးမြစ် လမ်းနှင့် ကျွန်းရွှေဝါလမ်းထောင့် ယုဇနဥယျာဉ်မြို့တော် အိမ်ရာ ရှေ့တွင် မြို့နယ်ခန်းမ တည် ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး ပြီး၊ တာဝန်ခံ အင်ဂျင်နီယာ၏ ရှင်းလင်းတင်ပြမှုနှင့် ပတ်သက် ၍ လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


အဆိုပါ မြို့နယ်ခန်းမသည် အလျား ၃၆၇ ပေ ၈ လက်မ၊ အကျယ် ၁၅၀ ပေ ၁၀ လက်မ၊ မြေနေရာတွင် ကြမ်းခင်းဧရိယာ ၁၅၁၄၆ စတုရန်းပေရှိ ပင်မ အဆောက်အအုံနှင့် အလျား ၃၆ ပေ၊ အနံ ၂၄ ပေ ၉ လက်မရှိ ဆင်ဝင်တို့ပါရှိသည့် တစ်ထပ် ခန်းမ အဆောက်အဦ၊ ယာဉ် ၄၇ စီးနှင့် စက်ဘီး ၅၀ စီးရပ်နား နိုင်သည့် ယာဉ်ရပ်နားကွင်းနှင့် ပဲခူးမြစ်လမ်းနှင့် မြို့နယ်ခန်းမ ကို ဆက်သွယ်သည့် အရှည် ၂၆ ပေ၊ အကျယ် ၂၄ ပေရှိ တံတား တို့ပါရှိသည်။


အဆိုပါ မြို့နယ်ခန်းမကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် အပြီး ဆောင်ရွက်သွားမည်ဖြစ် ပြီး ယခုအခါ လုပ်ငန်းများ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။


ထိုမှတစ်ဆင့် မြို့တော်ဝန် နှင့်အဖွဲ့သည် မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ၅၈ ရပ်ကွက်ကို စံပြရပ်ကွက် ထားရှိနိုင်ရေးကို မြေပုံကားချပ်ဖြင့် ကြည့်ရှုစစ် ဆေးပြီး၊ အဆိုပါ ရပ်ကွက် အတွင်း အခြေခံပညာမူလတန်း ကျောင်းအတွင်း၊ အပြင် စုပေါင်း သန့်ရှင်းရေး၊ ရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ မြေသားလမ်းများ ကွန်ကရစ် ခင်းကျင်းရေး၊ ရပ်ကွက်သန့်ရှင်း သာယာသပ်ရပ်ရေးတို့ကို ဆောင် ရွက်ပေးရန် မှာကြားဖြည့်ဆည်း ပေးသည်။ မြို့နယ်များအတွင်း စံပြရပ်ကွက်များ အကောင် အထည်ဖော်ခြင်းဖြင့် အခြား ရပ်ကွက်များက စံနမူနာယူကာ ဖွံ့ဖြိုးရေးဆောင်ရွက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် အဆိုပါရုံးဝင်းအတွင်း ရှိ ရေစုကန်နှင့် ဝန်ထမ်းလိုင်းခန်း များကို ကြည့်ရှုစစ်ဆေး၍ ရုံးဝင်း အတွင်းနှင့် ပတ်ဝန်းကျင်မြောင်း များမှ ရေသွင်းရန်နှင့် ရုံးတွင်း ရုံးပြင် သန့်ရှင်းသာယာသပ်ရပ် ရေး ဆောင်ရွက်ရန်တို့ကို မှာ ကြားကာ လိုအပ်သည်များဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

သတင်း-သွင်မောင်မောင်

ဓာတ်ပုံ-မိုးဝေ






အခြားဆက်စပ်သတင်းများ