နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းစည်းဝေး

ရန်ကုန် ဇန်နဝါရီ ၁၀


ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်း အနား အောင်မြင်စွာ ကျင်းပ နိုင်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ ၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ (ပုံ) တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးနှင့် အစိုးရ အဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်း အနားကျင်းပရေး ဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှစိုးက ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ အခမ်းအနားတွင် နိုင်ငံတော် အလံ အလေးပြုပွဲ၊ သဝဏ်လွှာ ဖတ်ကြားသည့် အခမ်းအနား နှင့် နေပြည်တော်တွင် ကျင်းပ မည့် ဗိုလ်ရှုသဘင် အခမ်းအနား တွင်                        ရန်ကုန်တိုင်းဒေသကြီးကိုယ်စား ပြု ပါဝင်ဆောင်ရွက်ရမည့် လုပ် ငန်းများ အဆင်ပြေချောမွေ့ အောင်မြင်စွာ ဆောင်ရွက်နိုင် ရေး ဌာနအသီးသီးက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် ပြော ကြားသည်။


ထို့နောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က နေပြည်တော် တွင် ကျင်းပမည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ ဗိုလ်ရှုသဘင် အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီးက ပါဝင်ပြသရမည့် တိုင်းဒေသကြီး အထိမ်းအမှတ် Land Mark အလှပြယာဉ်၊ ပြည်တွင်း ပြည်ပမှ အသိအမှတ် ပြုသော ဒေသထွက်ကုန်နမူနာ ပုံစံ အလှပြယာဉ်၊ ဗမာတိုင်းရင်း သားများ၏ ဓလေ့ရိုးရာယဉ်ကျေး မှု အမွေအနှစ်များ ပုံဖော်ထား သော အလှပြယာဉ် သုံးစီးပြင်ဆင် မှုဆိုင်ရာ အချက်အလက်များ ဆောင်ရွက်မည့် အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် ရေးစပ်ထားသော ဂုဏ်ပြုတေး သီချင်း အခြေအနေများကို ရှင်း လင်းတင်ပြသည်။


ဆက်လက်၍ နိုင်ငံတော် အလံအလေးပြုခြင်းနှင့် သဝဏ် လွှာဖတ်ကြားသည့် အခမ်း အနားကျင်းပရေး လုပ်ငန်း ကော်မတီ၊ အခမ်းအနားမွမ်းမံ ပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ သယ် ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေးနှင့် ငွေစာရင်း ထိန်းသိမ်းရေး၊ ကျန်းမာရေး ပြန်ကြားရေး၊ လုံခြုံရေးလုပ်ငန်းကော်မတီများ မှ ကော်မတီဥက္ကဋ္ဌများက အခမ်း အနား အောင်မြင်စွာ ကျင်းပနိုင် ရေးနှင့်ပတ်သက်၍ ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက် မည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တက်ရောက်လာသည့် တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများက အထွေထွေ ဆွေးနွေးတင်ပြကြ သည်။


ယင်းနောက် ဝန်ကြီးချုပ် က ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား ကို၊ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များ၊ လမ်းညွှန် ချက်များနှင့်အညီ ဂရုပြုဆောင် ရွက်ကြပြီး၊ စိန်ရတုပြည်ထောင် စုနေ့၏ ဂုဏ်အင်္ဂါရပ်နှင့်လျော် ညီသည့် အနှစ်သာရ ပြည့်ဝ သော အခမ်းအနားကြီးဖြစ် မြောက် အောင်မြင်စေရေး အတွက် တာဝန်ရှိသူများအားလုံး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြ ရန် နိဂုံးချုပ်စကား ပြောကြား သည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ