နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်နိုင်ငံ တိုကျိုမြို့တော် ဒေသ ၂၃ ခု နှင်းမုန်တိုင်းသတိပေးချက် ထုတ်ပြန်

တိုကျို   ဇန်နဝါရီ    ၈


ဂျပန်နိုင်ငံတွင် လေအေးစီး ကြောင်းဝင်ရောက်မှုနှင့် လေဖိအား နည်းရပ်ဝန်း၏ သက်ရောက်မှုကြောင့် တိုကျို မြို့တော်တစ်ဝိုက်ရှိ Kanagawa၊ Saitama နှင့် Chiba စီရင်စုတို့တွင် ဇန်နဝါရီ ၇ ရက်က နှင်းမုန်တိုင်းတိုက် ခတ်မှုဖြစ်ပွားခဲ့ရာ တိုကျိုမြို့ရှိ ဒေသ ၂၃ ခုတွင် နှင်းမုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။  


မြို့တော်တစ်ဝိုက် လေကြောင်းနှင့် ရထားလမ်းပို့ဆောင်မှုသည် နှင်း မုန်တိုင်းဒဏ်ခံခဲ့ရပြီး တိုကျိုရှိ ရထားလမ်းအချို့တွင် အချိန်အတိုင်း အတာတစ်ခုထိ ပို့ဆောင်မှုကို လုံးဝ ရပ်နားခြင်း သို့မဟုတ် သယ်ယူပို့ဆောင် မှုပမာဏလျှော့ချခြင်းများ လုပ်ဆောင် ခဲ့ကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြထားသည်။ 


ဟာနဲ့ ဒါ့နှင့် နာရိတအမည်ရှိ လေဆိပ်များတွင် ပြည်တွင်း လေကြောင်း ၁၀၈ ခုကို ဖျက်သိမ်းလိုက် ရပြီး ထိုနေ့တစ်နေ့တည်းတွင် ယာဉ် မတော်တဆမှု ၇၉၅ ခုဖြစ်ပွားခဲ့ ကြောင်း တိုကျိုမြို့ရဲဌာနက ပြော သည်။  


ထို့ပြင် ဆီးနှင်းကျခြင်းနှင့် လမ်းမျက်နှာပြင်တွင် ရေခဲခြင်းတို့ ကြောင့် တိုကျိုမြို့အတွင်း ချော်လဲကျ ဒဏ်ရာရ၍ အရေးပေါ်ဆေးရုံပို့ဆောင် ပေးရသူ ငါးဆယ့်နှစ်ဦးရှိပြီဖြစ်ကြောင်း တိုကျိုမီးသတ်ဌာနက ထုတ်ပြန်ထား သည်။  


လက်ရှိတွင် နှင်းမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ထိခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူ လူထုအနေဖြင့် နှင်းစုပြုံကျရာနေရာ များတွင် ယာဉ်မောင်းနှင်ပါက ဆီးနှင်း မြေပြင်မောင်း မော်တော်ယာဉ်ဘီး သို့မဟုတ်လမ်းချော်ရန်မှ ကာကွယ်သည့် ချိန်းကြိုးတပ်ဆင်ကြရန် အကြံပြုထား ကြောင်း ဂျပန်မိုးလေဝသနှင့် ဇလဗေဒ ဌာနက ထုတ်ပြန်သည်။   (ref:Reuters)






အခြားဆက်စပ်သတင်းများ